အက်မွန်နဲ့ သောမတ်စ်က ရေခဲဖြစ်နေပြီး စူဂွမ်မိုရဲ့ Light and Shadow Rotation နဲ့ပါ ပယ်ပယ်နယ်နယ် အတိုက်ခံနေရသည်။
ထို့နောက် ရေခဲမှော်အစွမ်းပြီးသွားတော့ ချူယန်က ထပ်ပြီး Illusion Maze ကိုသုံးပြီးတိုက်ခိုက်လိုက်သည်။
ချက်ချင်းဆိုသလို psychics ရဲ့ တည်ဆောက်မှုအချက်အလက်တွေက ရန်သူနှစ်ယောက်လုံးရဲ့ တိုက်ခိုက်မှုအစွမ်းကိုဖျက်စီးလိုက်သည်။
ဒါက psychic (မှော်အစွမ်းဖြင့်တိုက်ခိုက်သူ) ၊ သူတို့က တိုက်ခိုက်မှုအစွမ်းမရှိဘဲ ပျက်စီးလွယ်တယ်လို့ထင်ရပေမယ့် ထိန်းချုပ်မှုကင်းမဲ့သွားတဲ့အခါ သူတို့က ပြိုင်ပွဲတစ်ခုလုံးကိုထိန်းချုပ်နိုင်ပြီး ရန်သူကိုလည်း ဘေးကျပ်နံကျပ်အခြေအနေသို့ ရောက်အောင် ပြုလုပ်နိုင်ကြသည်။
ထိုအချက်ကြောင့်လည်း ဂျက်ဂျော့က ချူယန်ကိုအရင်သတ်ဖို့ရွေးချယ်ခဲ့တာဖြစ်သည်။ ကံမကောင်းစွာနဲ့ပဲ သူတို့က ဆက်တိုက်ကို အတိုက်ခံနေရတဲ့အပြင် ချူယန်ကိုတိုက်ခိုက်နေတဲ့ လူသတ်သမားကလည်း စူဂွမ်မိုနဲ့ မထင်မှတ်ဘဲ တိုက်ခိုက်ခံလိုက်ရမယ်လို့ ဘယ်သူက ထင်ခဲ့မလဲ ။ အခုတော့ သူတို့ပြောင်းလဲလိုက်တဲ့ 1v1 ပြိုင်ပွဲက 2v2 တိုက်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်စူဂွမ်မိုရဲ့သွေးက သိပ်အများကြီးမကျန်တော့တဲ့အပြင် ချူယန်ရဲ့ အစွမ်းကလည်း အကန့်အသတ်နဲ့မို့ အခုလောလောဆယ်မှာ တစ်ဖက်အသင်းက ရန်သူနှစ်ယောက်က ထိန်းချုပ်ခံနေရလို့ ပြန်မတိုက်နိုင်ပေမယ့် ထိုထိန်းချုပ်မှုပြီးဆုံးသွားတာနဲ့ ချူယန်လည်း ကြာကြာအသက်ရှင်နိုင်မှာ မဟုတ်ပေ။ ထိုကြောင့် စူဂွမ်မိုက သူ့ရဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုအစွမ်းကို သုံးလိုက်သည်။
Sword of Judgment (အစီအမံဓား) က စွမ်းအားများတဲ့လက်နက်အမျိုးအစားဖြစ်ပြီး ဆိုကျိုးရှိပေမယ့် သူ့ကိုသုံးလိုက်တဲ့အခါ သာမန်ထက်ပိုလွန်တဲ့တိုက်ခိုက်မှုအစွမ်းက တစ်ဖက်က တိုက်ခိုက်သူနဲ့ လေးသမားကို တိုက်ရိုက်အစွမ်းသက်ရောက်ပြီး ပြင်းထန်သည့်အစွမ်းသက်ရောက်မှုကိုဖြစ်စေသည်။
ESTÁS LEYENDO
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
No Ficciónဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...