ဆေးရုံမှာ တစ်နေ့လုံး နေရတာက စိတ်မသက်သာမှုတွေနဲ့ စိုးရိမ်ပူပန်ခြင်းတွေသာကြီးစိုးနေစေသည်။ သို့ပေမယ့် လင်းရှီဖန်းရဲ့ လက်မောင်းတွေကို မှေးမှီရင်း လီချန်းယွီ နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့သည်။
သူ့ရဲ့ အိမ်မက်ထဲမှာ သူက ငယ်ရွယ်တဲ့ ကောင်လေး လီချန်းယွီပြန်ဖြစ်သွားပြီး FTD အသင်းရဲ့ ရိုးရှင်းလှသော training ခန်းထဲမှာထိုင်ပြီး နေ့တိုင်းနီးပါး ဂိမ်းနဲ့ ပတ်သတ်တဲ့ နည်းဗျူဟာတွေကို ရှာဖွေနေခဲ့သည်။ သူတို့အသင်းပြိုင်ပွဲမှာ ရှုံးသွားခဲ့တာတောင် သူ့ဘေးမှာရှိတဲ့ သူ့အပေါ်အရမ်းကောင်းတဲ့ ညီအစ်ကိုတွေကြောင့် နေ့တိုင်းလိုလို ယုံကြည်ချက်အပြည့်နဲ့ ပျော်ရွှင်နေခဲ့ရတယ် ။
ထို့နောက် တစ်ဖန် နိုင်ငံခြားမသွားခင်မှာ ပြောသွားတဲ့ သူ့အဖေရဲ့ စကားလုံးတွေက သူ့နားထဲ တစ်ခါတိုးဝင်လာကြပြန်တယ်။
' ငါ မင်းကို အရူးထဖို့ အချိန်သုံးနှစ်ပေးလိုက်မယ်။ အဲ့ဒီသုံးနှစ်မှာ ဘာမှ ဖြစ်မလာခဲ့ရင် ငါနဲ့အတူ နယူးယောက်ကို လိုက်လာပြီး အလုပ်တစ်ခုရှာရမယ် ။ '
'သိပါပြီ .. ကျွန်တော် သိပါပြီ ဗျာ ဒီသုံးနှစ်အတွင်းမှာ ချန်ပီယံဆုကို ရအောင်ယူပြီး အဖေ့လက်ထဲ ကျွန်တော် ထည့်ပေးမယ် ' လီချန်းယွီက သူ့အဖေကို ဖက်ရင်း ကျေကျေနပ်နပ်ကြီးပြုံးကာ ပျော်ရွှင်မှုအပြည့်နဲ့ ပြောလိုက်သည်။
သူ့အဖေရဲ့ အမြင်မှာတော့ လီချန်းယွီက တကယ့်ကို ရူးမိုက်တဲ့ကောင်လေးတစ်ယောက်။ ဆေးကျောင်းမတတက်ပဲ ဂိမ်းလောကထဲ ဝင်ဖို့ ရွေးလိုက်တာက ဘယ်လောက်တောင်မှ ရူးကြောင်ကြောင်နိုင်လိုက်သလဲ။ ထိုအချိန်ကတည်းက တွေးတောမိခဲ့သည့် သူ့သား၏ အိမ်မက်အကြောင်းသည် အခုချိန်ထိ သူနားမလည်နိုင်သေးသည့် အရာတစ်ခုဖြစ်နေသေးသည်။ သို့ပေမယ့် သူ့သားကို အချိန်သုံးနှစ်ပေးခဲ့ပြီး မအောင်မြင်ပါက သူ့သဘောအတိုင်း လိုက်ရမည်ဟူသော အမိန့်အာဏာကိုလည်း တစ်ပါးတည်း ပြောသွားခဲ့သည်။
အချိန်တွေက ကုန်ဆုံးလာခဲ့သည်မှာ သတ်မှတ်ချိန် သုံးနှစ်တောင် ပြည့်သွားခဲ့ပြီး လီချန်းယွီကတော့ ထိုအချိန်ထိ ရူးလို့ကောင်းနေဆဲဖြစ်သည်။ သူ့အဖေကို ပေးခဲ့တဲ့ ကတိလည်း မတည်ခဲ့သလို သားတစ်ယောက်အနေနဲ့ အဖေ့ကို ရင်နာစေခဲ့တာက သူ့အတွက် အကြီးဆုံးသော ကျရှုံးမှုတစ်ခုဖြစ်ခဲ့သည်။
ESTÁS LEYENDO
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
No Ficciónဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...