ဖွင့်ပွဲအခမ်းအနားပြီးသွားတော့ တင်ဆင်သူက ပထမဦးဆုံးကျင်းပမည့် ဂိမ်းပြိုင်ပွဲအကြောင်းကို ကြေညာလိုက်သည်။
"ဒီနေ့ ဖျော်ဖြေမှုအတွက် ပထမဆုံးကျင်းပမည့်ပြိုင်ပွဲက ဘတ်စကတ်ဘော ပြိုင်ပွဲဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ဂိမ်းထဲမှာပါတဲ့ မြေပုံကို ဘတ်စကတ်ဘောကွင်းအဖြစ် ဖန်တီးပေးထားပြီး အသင်းတစ်ခုစီမှာ ကစားသမား ဆယ်ယောက်ပါဝင်မှာပါ။ ပြိုင်ရမယ့် အသင်းနှစ်သင်း (အပြာသင်း နှင့် အနီသင်း ) ကို system က ကျပန်းရွေးချယ်ပေးသွားမှာဖြစ်ပါတယ် "
" ပြိုင်ပွဲ စည်းမျဉ်းကတော့ ရိုးစင်းပါတယ်။ ဘောလုံးကို ၅၀ စင်တီမီတာအကွာကနေ ယူနိုင်မှာဖြစ်ပြီး ဘောလုံးရရှိထားတဲ့ ကစားသမားရဲ့ ခေါင်းပေါ်မှာ အမှတ်အသားပေါ်နေမှာဖြစ်ပါတယ်။ တစ်ဖက်အသင်းက လာလုလို့ လက်ထဲက ဘောလုံးလွတ်ကျသွားတာနဲ့ သွေးတစ်ဝက်လျော့သွားမှာပါ။ ဘောလုံးက ခြင်းနားရောက်သွားတဲ့အခါ ပစ်သွင်းဖို့အတွက် အချက်ပြပေးတဲ့ စာပေါ်လာမှာဖြစ်ပြီး အဲ့တာကို နှိပ်လိုက်ရုံနဲ့ ဘောလုံးက ခြင်းထဲဝင်သွားပြီး အမှတ်တစ်မှတ် ရရှိမှာ ဖြစ်ပါတယ် ။ "
ဒါက ဂိမ်းဇာတ်ကောင်တွေနဲ့ ဆော့ရတဲ့ ပြိုင်ပွဲဆိုပေမယ့် တကယ့်လက်တွေ့နဲ့ သိပ်ပြီးမကွာခြားပါဘူး။ အဓိက က ဘောလုံးကို ယူပြီး ခြင်းထဲ ထည့်ဖို့ ပါပဲ ။
ကြီးမားသည့် screen ပေါ်တွင် ဂိမ်းဇာတ်ကောင် ၁၀ ယောက်က ဂိမ်းထဲကို အလှည့်ကျ logg in ဝင်နေတာကို ပြသနေသည်။ ထို့အပြင် ပြိုင်ပွဲနဲ့ ပတ်သတ်တဲ့ စည်းမျဉ်းတွေကို ကစားသမားတွေ သေချာဖတ်လို့ ရအောင် သက်ဆိုင်ရာဘာသာစကားတစ်ချို့ကိုလည်း ဘာသာပြန်ပြီး ထည့်သွင်းပေးထားသည်။
နှစ်သင်းလုံးက ကစားသမားတွေက ပြိုင်ပွဲကို စတင်ဖို့ အဆင်သင့်ဖြစ်နေကြပြီး အသင်းနှစ်သင်း၏အလယ်မှာ ဘောလုံးပေါ်လာတာနဲ့ ကစားသမားတွေအားလုံး စုပြုံပြီး လုကြတော့သည်။
ထိုကစားသမားတွေထဲမှာတော့ တရုတ်ကကစားသမားတွေ မပါသေးပေ။ အမြန်ဆုံးတစ်ယောက်က American အသင်းက လေးသမား (elf archer) သောမတ်ဖြစ်သည်။ သူက တကယ့်ကို ငယ်ရွယ်ပြီး သန်မာတဲ့ လူမဲ ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ သွားဖြူဖြူလေးတွေနဲ့ အမြဲတမ်း ပြုံးပြလေ့ရှိသည်။ ပြိုင်ပွဲကွင်းထဲက သူ့ရဲ့ လျင်မြန်မှုကိုကြည့်ရင် ကီးဘုတ်ပေါ်မှာ လျှပ်စီးလိုဖြတ်ပြေးနေတဲ့ သူ့ရဲ့ လက်ရည်ကိုလည်း ခန့်မှန်းကြည့်လို့ ရနိုင်သည်။ သူက အမြန်ဆုံးအလျင်နဲ့ ဘောလုံးကို ဖမ်းယူပြီးနောက် တစ်ခါတည်း ခြင်းထဲကို ပစ်သွင်းလိုက်သည်။
ESTÁS LEYENDO
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
No Ficciónဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...