Chapter 80 : 3v3 Group State (2)

959 254 8
                                    

"ပရိတ်ကြီးရှင့် အခုဆိုရင် ကျွန်မတို့အားလုံးစောင့်မျှော်နေတဲ့ World Carnivals 3v3 ပြိုင်ပွဲကိုစတင်ပြီ ဖြစ်ပါတယ်။ Group D မှာရှိတဲ့ တရုတ်အသင်း (၂) နဲ့ ဆွီဒင်အသင်း တို့ရဲ့ ပြိုင်ပွဲလည်း မကြာခင်မှာစတင်တော့မှာပါ။

"အခု မြေပုံကိုလည်းရွေးပြီးပြီးဆိုတော့ အခုမြင်နေရတဲ့ ဘယ်ဘက်အပေါ်ထောင့်က ဆွီဒင်အသင်းရဲ့ မူလတည်နေရာ (birth point) ဖြစ်ပြီး ညာဘက်အောက်ထောင့်က တည်နေရာက တရုတ်အသင်းရဲ့ မူလနေရာပါ ။ "

ယွီဘင်က live screen ကိုကြည့်ပြီး ပြောလိုက်သည်။

screen ပေါ်မှာတော့ ပြိုင်ပွဲဝင် ခြောက်ယောက်ပေါ်လာပြီး ဆွီဒင်အသင်းက မြေပုံအလယ်မှာရှိတဲ့ ပင်ပအဆောက်အဦးဆီမသွားခင် နှစ်စက္ကန့်လောက် ရပ်နေသေးသည်။

မြေပုံ၏အလယ်ရှိ ပင်မအဆောက်အဦး၏ ရှေ့ပတ်ပတ်လည်တွင် ကြီးမားသည့် ကျောက်တုံးကြီး ခြောက်တုံးတည်ရှိပြီး ထိုကျောက်တုံးများကို နတ်ဘုရားခြောက်ပါးက ကာကွယ်စောင့်ကြပ်ထားကြသည်။ အကယ်၍ ကစားသမားတွေက ပင်မအဆောက်အဦးဆီရောက်တာနဲ့ တိုက်ခိုက်တာကိုပဲ ဦးတည်လုပ်ချင်တယ်ဆိုရင် အဆောက်အဦးထဲကို တစ်ခါတည်း ဝင်သွားနိုင်သည်။ အဲ့လိုမှမဟုတ်ဘဲ ပျောက်ကြားနည်းနဲ့ တိုက်ခိုက်ဖို့ရည်ရွယ်ထားတယ်ဆိုရင်တော့ ကျောက်တုံးတွေကိုအတားအဆီးတစ်ခုအနေနဲ့ယူပြီး တိုက်ခိုက်လို့ရသည်။ ဒီတစ်ခါမြေပုံက အပေါ်ယံကြည့်ရင် ရှင်းရှင်းလေးပဲလို့ထင်ရပေမယ့် တကယ့် တကယ်တော့ ဗျူဟာတွေအများကြီးနဲ့ ရှုပ်ယှက်ခတ်နေသည်။

တန်စီထျန်က အတားအဆီးတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့မြေပုံမျိုးကို သဘောကျတာမို့ ပြိုင်ပွဲစတာနဲ့ ကျောက်တုံးတွေရဲ့ အနောက်ကို အရင်ဆုံးပြေးသွားပြီး ပုန်းနေလိုက်သည်။

"ကျောက်တုံးတွေကို သတိထား " ဆွီဒင်အသင်းခေါင်းဆောင်က သူ့ရဲ့နတ်ဆိုးကို ထိန်းချုပ်နေရင် အသင်းသားတွေကို voice channel ကနေ အမိန့်ပေးလိုက်သည်။

"တဖက်အသင်းက လေးသမားနဲ့ လူသတ်သမားက ပုန်းနေနိုင်တယ်"

လျှိုရှောင်ရဲ့ သူတော်စင်(priest) က အဆောက်အဦး၏ ထောင့်တွင်ရှိနေပြီး သူ့ကိုတွေ့တာနဲ့ ဆွီဒင်အသင်းရဲ့ နတ်ဆိုးက လျှိုရှောင်ဆီပြေးလာပြီး စတင်တိုက်ခိုက်လာသည်။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Où les histoires vivent. Découvrez maintenant