လင်းရှီဖန် ဟိုတယ်ကိုပြန်ရောက်တော့ လီချန်းယွီဆီ ဖုန်းထပ်ခေါ်လိုက်သည်။ သို့ပေမယ့် ဘယ်သူမှ ဖုန်း မကိုင်တာကြောင့် အဆုံးသတ်လိုက်ရသည့် ဖုန်းခေါ်ဆိုမှုကို ကြည့်ပြီး တည်တန်းနေသည့် လင်းရှီဖန်၏ မျက်ခုံးတွေက တဖြည်းဖြည်းတိုးကြုံ့လာကာ သူ့စိတ်ထဲမှာလည်း အလိုအကျမှုနဲ့ ပူပန်စိတ်တို့က ကြီးစိုးလာခဲ့သည်။
အရင်နေ့ကအထိ လီချန်းယွီက ကာနီဗယ်ပွဲတော်ကိုလည်း လာကြည့်ပြီး လင်းရှီဖန် စာပို့လိုက်သည့်အကြိမ်တိုင်းမှာလည်း ချက်ချင်းကို ပြန်စာပို့ပေးတတ်သည်။ ထို့အပြင် ညနက်အထိ ကျင်းပခဲ့တဲ့ quarter-finals ပွဲစဉ်ကိုတောင် လာကြည့်တာမို့ final ပွဲကို လာမကြည့်တာဖြစ်မယ်လို့လည်း တွေးကြည့်လို့မရပေ။
အခု သူ့စာကို ပြန်မပို့တာ ၊ ဖုန်း မကိုင်တာတွေက သူမမြင်မိလို့ မဟုတ်ပဲ တစ်ခုခုဖြစ်နေတာကြောင့် မဟုတ်ဘူးလား။
တစ်ခုခုဖြစ်နေပြီ ဆိုသည့်အတွေးက လင်းရှီဖန်စိတ်ထဲ တိုးဝင်လာသည်နှင့် ဘာမှထပ်မတွေးနေတော့ဘဲ ဖုန်းထဲက ပိုင်ရွှယ်ရဲ့ နံပါတ်ကို ရှာလိုက်သည်။
ဆက်သွယ်မှုက အသံနှစ်ချက်မြည်ပြီးသည့် နောက်မှာ တစ်ဖက်က ပိုင်ရွှယ်နဲ့ ချိတ်ဆက်မိသွားသည်။
ပိုင်ရွှယ်က ယခုထက်ထိ ထိုနံပါတ်တစ်ခုတည်းကိုသာ အသုံးပြုနေပြီး လင်းရှီဖန်ကလည်း ထိုနံပါတ်ကို မဖျက်မိလိုက်တဲ့အတွက် အရာအားလုံးကို ကျေးဇူးတင်မိသွားသည်။
" ခေါင်းဆောင် လင်း ? ဘာလို့ ကျွန်တော့်ဆီ ဖုန်းခေါ်တာလဲ " ပိုင်ရွှယ်က သူ့ဖုန်း စခရင်မ် က နာမည်ကိုကြည့်ပြီး အံ့ဩသွားသည်။
" လီချန်းယွီ ဘယ်မှာလဲ သိလား ။ "
ဒါက သူ ဖုန်းဆက်ရသည့် အကြောင်းကို သေချာသွားစေသည့် အချက်တစ်ခု ။
ပိုင်ရွှယ်ထပ်ပြီး အံ့ဩမနေတော့ပဲ လင်းရှီဖန်ကို ပြောပြလိုက်သည်။
" သူ့အဖေ မတော်တဆဖြစ်လို့ ဆေးရုံကို သူ သွားတယ် "
"ဦးလေး အခြေအနေ ဘယ်လိုရှိလဲ ။ အရမ်း စိုးရိမ်ရလား။ "
YOU ARE READING
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
Non-Fictionဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...