Chapter 105 : Abused Teenagers

484 92 4
                                    

အခန်း(၁၀၅) ဆယ်ကျော်သက်လေးများအား အနိုင်ကျင့်ခြင်း။

နောက်တစ်နေ့မနက် သူတို့အားလုံး လေ့ကျင့်ရေးအခန်းကိုရောက်လာတဲ့အခါ လက်ထဲ ပရင့်ထုတ်ထားတဲ့ စာရွက်တွေကိုင်ပြီး စောင့်နှင့်နေတဲ့ လီချန်းယွီကို တွေ့လိုက်ရသည်။ လီချန်းယွီက သူ့လက်ထဲက စာရွက်တွေကို ကောင်လေး လေးယောက်ဆီဝေပေးပြီး စကားစလိုက်သည်။

"နောက်အပတ်ကစပြီး မင်းတို့ အားလုံး ငါ ချမှတ်ထားတဲ့လေ့ကျင့်မှုအစီအစဉ်ကိုလိုက်နာပြီး လေ့ကျင့်ရမယ်။ လေ့ကျင့်မှုတစ်ခုပြီးတိုင်း မင်းတို့ရဲ့ရလဒ်ကို ငါကြည့်မယ် .... အကယ်၍ မအောင်မြင်ရင် အချိန်ပိုလေ့ကျင့်ရေး လုပ်ရမယ်။"

ဒါက ကျောင်းမှာ အိမ်စာပေးပြီး မပြီးတဲ့အခါ အတန်းရဲ့နောက်ဆုံးမှာနေရမယ်' လို့ တွန်းအားပေးပြောနေတဲ့ ဆရာ(မ) နဲ့ မခြားနားဘဲ တူညီတဲ့ ကိစ္စတစ်ခုပင်။

ကောင်ငယ်လေး လေးယောက်က အသေးစိတ်ချမှတ်ရေးထားပေးတဲ့ လေ့ကျင့်မှုဇယားနဲ့ တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ ကိုယ်ပိုင်အချိန်တွေကို ဖော်ပြထားတဲ့ စာရွက်ကို ယူလိုက်ကြသည်။

'နဂါး စစ်သည်များ' ကလပ်မှာတော့ e-sport ကစားသမားတွေအတွက် လေ့ကျင့်ရေးမှာသုံးတဲ့ ဆော့ဝဲလ်တွေ များစွာ ရှိပေသည်။ ဥပမာ ။ လက်ရည်အတွက် လေ့ကျင့်တဲ့ ဆော့ဝဲလ်မျိုး ဖြစ်သည်။ ထိုဆော့ဝဲလ်က စစဖွင့်လိုက်သည်နှင့် ကွန်ပျူတာစခရင်လ်ပေါ်မှာ အင်္ဂလိပ် အက္ခရာတွေက ကျပန်းပေါ်လာပြီး ထိုအတိုင်း လိုက်နှိပ်ရခြင်း ဖြစ်သည်။ စာလုံးတစ်ခုချင်းစီကို မှန်ကန်အောင်နှိပ်နိုင်ဖို့ လက်ချောင်းတွေက မြန်ဆန်နေဖို့လိုပြီး မဟုတ်ရင်တော့ ရှုံးပွဲ ဖြစ်သွားမှာ ဖြစ်သည်။

လမ်းလျှောက်တာကိုလေ့ကျင့်ဖို့အတွက်ဆော့ဝဲလ်မှာက ရှုပ်ထွေးပွေလီတဲ့ ဝင်္ကပါမြေပုံတွေပါဝင်သည်။ တစ်ချို့ ချောက်ကမ်းပါးလမ်းတွေက နည်းနည်းလေးသတိမထားလိုက်တာနဲ့ ကစားသမားတွေကိုပြုတ်ကျသေသွားစေနိုင်ပြီး ထိုအရာတွေက ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လှုပ်ရှားမှုတွေကို စမ်းသပ်ထားတာလည်းဖြစ်သည်။ ထိုဆော့ဝဲလ်များတွင် skill ပိုင်းကိုပဲသီးသန့်လေ့ကျင့်နိုင်သည့် ဆော့ဝဲလ်ပင်ရှိသည်။ ကစားသမားတွေက ပြိုင်ပွဲမစခင်မှာ ကြိုက်ရာ race နဲ့ class ကိုစိတ်ကြိုက်ရွေးချယ်နိုင်ပြီး ထို့နောက်မှ တစ်ဦးချင်းယှဉ်ပြိုင်သည့်ပြိုင်ပွဲတွင်းဝင်ကာ boss ကို စိန်ခေါ်တိုက်နိုင်သည်။ ထိုကဲ့သို့ကစားခြင်းက ကစားသမားတွေကို မတူညီတဲ့ class တွေရဲ့ကစားနည်းပုံစံတွေနဲ့ ရင်းနှီးမှုရှိစေသည်။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Donde viven las historias. Descúbrelo ahora