အခန်း(၁၀၂) နဂါးစစ်သည်များ၏ ပါတီပွဲကြီး
Miracle အသင်းအတွက် တရားဝင်ကြေညာခြင်းလည်းဖြစ်အောင် လျှိုချွမ်းက ဝူလင်အသင်းသားအားလုံးနဲ့ ကလပ်မှာ လေ့ကျင့်ရေးဆင်းနေကြတဲ့ ကစားသမားတစ်ချို့ကို လူစုစေခဲ့သည်။ သူတို့အားလုံးက ကလပ်အနီးမှာရှိတဲ့ စားသောက်ဆိုင်ဆီဦးတည်သွားကြပြီး ကြိုတင်စာရင်းပေးထားသော စားပွဲသုံးပွဲပါသည့် သီးသန့်အခန်းကျယ်၌ စုဝေးနေကြသည်။ ဒါက Cat God ကိုကြိုဆိုသည့် စားသောက်ပွဲကြီးဖြစ်လေသည်။
လီချန်းယွီ ငါးကြိုက်ကြောင်း ကြားထားသည့် လျှိုချွမ်းက ထိုစားသောက်ဆိုင်၏နာမည်ကြီးဟင်းပွဲဖြစ်သော ငါးတစ်ကောင်လုံးကို ပွက်ပွက်ဆူနေသည့်ရေနွေးထဲပြုတ်ပြီး နူးအိနေအောင်ပြုလုပ်ထားသည့် ငါးပြုတ်ဟင်းချိုနှင့် ဘာနှင့်မျှလဲနိုင်မည်မဟုတ်သည့် အပေါ်ကနေ ငရုတ်ကောင်းတွေဖြူးထားသေးသည့် ကြွေကျချင်စရာ ငါးခေါင်းဟင်းကြီးကိုလည်း ကြိုတင်မှာထားပေးသည်။ လီချန်းယွီကတော့ ရရှိနိုင်မည့်အစားအစာနာမည်တွေကိုကြည့်ပြီး ကျေနပ်နေလေသည်။
စားသောက်ခန်းထဲသို့ ဝူလင်းအသင်းခေါင်းဆောင်ဝူကျယ်ဝမ်နဲ့ ဒုခေါင်းဆောင် လီရှန်တို့ရောက်လာပြီး နှုတ်ဆက်စကားပြောကြသည်အထိ မှာထားတဲ့အစားအစာတွေကရောက်မလာသေးပေ။
ဝူကျယ်ဝမ်က ငွေရောင်အနားကွပ်ထားတဲ့မျက်မှန်ကိုတပ်ထားပြီး အရမ်းကိုတည်ငြိမ်အေးဆေးနေပုံပေါ်သည်။ သူက ကလပ်စတင်တည်ထောင်တဲ့အချိန်ကတည်းက လျှိုချွမ်းအနားမှာအတူရှိပြီး ကူညီပေးခဲ့သူဖြစ်သည်။ ကစားသမားအဖြစ်ကနေအနားယူပြီး လျှိုချွမ်းက ကလပ်ပိုင်ရှင်ဖြစ်လာတဲ့အခါ သူက အသင်းခေါင်းဆောင်ဖြစ်သွားခဲ့သည်။ ကလပ်တည်ထောင်ပြီး နှစ်အနည်းငယ်အတွင်းမှာတင် ဝူကျယ်ဝမ်က Dragon Warriors Club ကို အောင်မြင်မှုတွေထပ်နေအောင် စွမ်းဆောင်ပေးခဲ့သည်။ သူ့ရဲ့ နည်းပညာအချက်အလက်တွေကို ကောင်းမွန်စွာစီမံနိုင်မှုနဲ့ မြေပုံကို သုံးသပ်နိုင်ခြင်းက လွန်စွာမှကောင်းမွန်သည်။ အံ့ဩစရာမရှိအောင် ဝူကျယ်ဝမ်ကလည်း ရှားပါးသော အရည်အချင်းများပိုင်ဆိုင်သည့် ကစားသမားတစ်ဦးဖြစ်ပေသည်။
YOU ARE READING
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
Non-Fictionဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...