"အာစူ မင်း ပြန်မလာတော့ဘူးလို့တောင်ထင်နေတာ။ ငါတို့က မနက်ဖြန်ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့အချိန်မင်းက အားလပ်ရက်ရနေတော့ ပျော်နေမှာပဲ နော်"Agnus က စူရမ် အဆောင်ရှေ့က ဖြတ်သွားတာမြင်တော့ လှမ်းပြောလိုက်သည်။
သူက ခနဲ့သလိုနဲ့ ပြုံးပြုံးကြီးကို မေးလိုက်သည်။
"အင်း ကြိုးစားလိုက်ပါအုံး !"
အဲ့ ခွေးကောင်လေးက ဘ၀င်မြင့်လွန်းလို့ တစ်နေ့တော့ ကျရှုံးမှာ မြင်ယောင်သေးသည်။ သူပြောတဲ့ စကားတွေက နားထဲကို ဇောက်ထိုး၀င်လာလို့ စိတ်ရှိလက်ရှိ ပြန်ပြောလိုက်ချင်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူ့လိုကစားသမားမျိုးကို ပြိုင်ပွဲမှာ သူရင်ဆိုင်ရမယ့် ကစားသမားတွေကပဲ ဆုံးမပေးသွားမှာဖြစ်လို့ စူရမ်အမောခံပြီး ပြန်ပြောမနေတော့ပေ။
စူရမ် အဆောင်ကိုပြန်ရောက်တာနဲ့ ကွန်ပျူတာကို ဖွင့်ပြီး ဂိမ်းထဲ၀င်လိုက်သည်။
legion defense ပြိုင်ပွဲပြီးတော့ စူရမ်လည်း level 65 ဖြစ်သွားသည်။
လီချန်းယွီလည်း လိုင်းပေါ်မှာရှိနေတာမို့ စူရမ် လိုင်းပေါ်တက်တာကို မြင်တာနဲ့ အသင်းထဲ ထည့်ပေးလိုက်သည်။ ရှောင်ဂူနဲ့ ကျောက်ကျွင်းမင်လည်း လိုင်းပေါ်မှာရှိနေပြီး နယ်မြေရှင်းလင်းရေးလုပ်ဖို့ လူစုံသွားသည်။
[ငါတို့ အသင်းကနေ အဘိုးကြီးကျောက်ကို တရား၀င် ကြိုဆိုရအောင်]
လီချန်းယွီ အသင်း channel တွင်စာရေးလိုက်သည်။
"အကိုကျောက် ကျွန်တော့်ကို မှတ်မိသေးလား"
ပိုင်ရွှယ်က headset ကိုတပ်လိုက်ပြီး ပြောလိုက်သည်။
"ငါတို့ရဲ့ အဖေကြီး ဒုခေါင်းဆောင် ပိုင် ကို ဘယ်သူက မမှတ်မိဘဲ နေမလဲ။"
"တကယ် ပေါ့လေ"
ပိုင်ရွှယ်ရယ်ရင်း ပြန်မေးလိုက်သည်။
ခနနေတော့ ကျောက်ကျွင်းမင်နဲ့ ပိုင်ရွှယ်တို့ရဲ့ စကား၀ိုင်းထဲသို့ စူရမ်လည်း ချောင်းလေးတစ်ပာန့်ပာန့််််််နဲ့ ၀င်လာသည်။
![](https://img.wattpad.com/cover/246400123-288-k272361.jpg)
YOU ARE READING
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
Non-Fictionဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...