အခန်း(၁၀၆) ပက်ပင်းကြုံခဲ့ရသော စိန်ခေါ်ပွဲများ
တနင်္လာနေ့တွင် ' တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆာဗာတွေကို ပြုပြင်ရေးအပြည့်အစုံလုပ်မှာဖြစ်တဲ့အတွက် ဆာဗာတွေကို ပိတ်ချထားမည်' ဖြစ်တဲ့အကြောင်း Miracle official website ကနေပြီး ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဒီတစ်ခါ ဂိမ်းပိုင်းပြင်ဆင်မှုက စိန်ခေါ်ပွဲစဉ်တွေရဲ့ ပြိုင်ပွဲစည်းမျဉ်းကို ပြောင်းလဲဖို့နဲ့ လက်နက်သိုလှောင်ရုံကို တိုးချဲ့မှာအတွက် ပင်။
အရင်ကစားသမားတွေက မြေပုံထဲမဝင်ခင် သူတို့ရဲ့ လက်နက်ကို အရင်ဦးဆုံးရွေးချယ်ရပြီး မြေပုံထဲဝင်ပြီးတဲ့အခါ လက်နက်ကို ပြန်ပြောင်းလို့ မရပေ။ သို့ပေမယ့် အခုပြောင်းလဲမယ့် system အသစ်မှာတော့ ပြိုင်ပွဲတစ်ဝက်မှာ ကစားသမားတွေက (battlefield store) ကနေပြီး လက်နက်ကို ပြန်ဝယ်လို့ရမှာဖြစ်တဲ့အတွက် တသမတ်တည်းမဟုတ်သော အလှည့်အပြောင်းတွေကို ပိုများစေကာ နည်းဗျူဟာပိုင်း ပြောင်းလဲမှုကိုလည်း ခွင့်ပြုပေးထားခြင်းဖြစ်သည်။
လီချန်းယွီက official website မှာတင်ထားတဲ့ အချက်အလက်တွေကို ဂရုတစိုက်နဲ့ လေ့လာနေသည်။ ဒီတစ်ခါ တိုးချဲ့လိုက်တဲ့ ဂိမ်းအတွင်းကိရိယာတန်ဆာပလာတွေက Miracle ကို စတင်သည့်အချိန်မှစ၍ အခုလက်ရှိ ခုနစ် နှစ်ကြာပြီးသည့်အချိန်အထိတွင် အကြီးဆုံးဖြစ်လေသည်။
'တကယ့်ကိုပဲ ဒေတာတွေကလည်း လူကိုမူးနောက်သွားစေသည်။'
ထိုနေ့ ညနေ သုံးနာရီတွင် တရုတ်မှာရှိတဲ့ Miracle server က ပြန်ပွင့်လာခဲ့သည်။ ထို့နောက် ငါးမိနစ်ပင် မကြန့်ကြာစေလိုက်ဘဲ ပြည်တွင်းဆာဗာအားလုံးမှာ ကစားသမားတွေ ပြည့်သွားသည်။ ဒါကိုကြည့်ပြီး အခု တစ်ခါပြုလုပ်တဲ့ စနစ်ပြောင်းလဲခြင်းက ကစားသမားအဟောင်းတွေအပြင် မရေမတွက်နိုင်တဲ့ ကစားသမားအသစ်တွေကိုပါ ဆွဲဆောင်ခဲ့ပြီဆိုတာကို သိစေသည်။ တရားဝင်ဖွဲ့စည်းထားတဲ့ အရေးပေါ်အသိပေးရေး အဖွဲ့က server line ဆယ်ခုကို ထပ်တိုးထည့်လိုက်ကာ cross-server arena မှာရှိတဲ့ ကစားသမားအရေအတွက်ကလည်း နှစ်ဆဖြစ်သွားသည်။
လီချန်းယွီက arena အဆင့်မှာ ကစားဖို့အတွက် side account တစ်ပြုံတစ်ပင်ကိုပြင်ဆင်ထားဖို့ ပြောလိုက်သည်။
VOCÊ ESTÁ LENDO
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
Não Ficçãoဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...