{ Unicode }
ရှောင်းကျန့်အနားမှာမရှိတဲ့ နေ့ရက်တိုင်းက
၀မ်ရိပေါ်အတွက် ပြဿဒါးပါပဲ။ဖုန်းကောက်ကိုင်လို့Weiboကြည့်နေပေမဲ့ စိတ်ကမပါ။တစ်နေကုန်နေလို့ ၀မ်ရိပေါ်စိတ်ပါလက်ပါတက်ကြွနေတာ တစ်ချိန်ပဲရှိသည်။ရှောင်းကျန့်နဲ့ဖုန်းပြောနေတဲ့အချိန်တွေပါ။၀မ်ရိပေါ်ကိုယ်တိုင်ဖွင့်ပေးထားတဲ့ Weibo accလေးထဲ၀င်ကြည့်တော့ ၀မ်ရိပေါ့်ရင်ကိုဆောက်နဲ့ထွင်းပါသည်။Accမှာလောလောလတ်လတ် 15 minutes agoနဲ့updateလုပ်ထားပါသည်။ဘာလဲဆိုတော့ ဖက်ထုပ်ဖြူဖြူလေးတွေထည့်ထားတဲ့ကြွေပန်းကန်လုံးလေးတစ်လုံး။ Captionက"ဟိုဘက်အိမ်ကအကိုကြီးလက်ရာ"တဲ့။၀မ်ရိပေါ်မသိတဲ့accတစ်ခုကိုလည်းmentionခေါ်ထားသေးသည်။
"တောက်!!"
၀မ်ရိပေါ့်ဒေါသတွေငယ်ထိပ်တက်လို့ တောက်ခေါက်သံကျယ်ကြီးထွက်လာတယ်။
"ရှောင်းကျန့်...မင်းတော်တော်ပျော်နေတယ်ပေါ့လေ..ငါ့ကျတော့ပလစ်ထားတယ်....မင်းနဲ့ငါနဲ့သူငယ်ဂျင်းခန်းပြတ်ပြီ!!!"
ရူးရူးရှဲရှဲနဲ့ဖုန်းကိုရိုက်ခွဲမတတ် စိတ်တွေတိုနေတဲ့၀မ်ရိပေါ့်ပုံစံက အစာခွက်လာလုလို့ တအွမ်အွမ်နဲ့အသံထုတ်နေတဲ့ ၀က်ပေါက်လေးအတိုင်းပါပဲ။
"ငါဒီတိုင်းနေလို့မရဘူး...အဲ့ဟိုဘက်အိမ်ကအကိုကြီးကရှောင်းကျန့်နဲ့ရင်းနီးသွားရင်ဘယ်လိုလုပ်မလဲ"
ခေါင်းပေါ်မှာကော်ရှင်မတ်တွေဖြတ်ပြေး!!!!
"သေချာပေါက်မင်းကိုမေ့သွားမှာပေါ့!!"
ဘယ်ကနေဘယ်လိုပေါ်လာမှန်းမသိတဲ့ အနီရောင်ဂြိုလ်နဲ့၀မ်ရိပေါ်နောက်တစ်ယောက်ကတုန်လှုပ်ခြောက်ခြားကမ္ဘာပျက်နေတဲ့၀မ်ရိပေါ်ကိုရွဲ့တဲ့တဲ့အပြုံးကြီးနဲ့ပြောတယ်။
"မရဘူးလေ..ငါ့ကိုမေ့သွားလို့မရဘူး"
"မေ့ကိုမေ့သွားမှာ!!"
"မမေ့ရဘူးလို့ပြောနေတယ်"
"မမေ့စေချင်ရင် တစ်ခုခုကြံတော့လေ"
ဖုတ်ခနဲပျောက်သွားတဲ့အနီရောင်၀မ်ရိပေါ့်စကားကိုအလေးအနက်တွေးတယ်။
YOU ARE READING
My Youth Is Yours
FanfictionYizhan "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သောအထာရန်ဂျစ်ဂျ။ ဝေအိဖော်ကနှထန်းနဲ့ချ ဂျောင်ဂျောင်းဂျန့်ယဲ့မက်နာဝယ် ချတွေးကွက်တွေကကွယ် ဘယ်ကရတလဲဆိုရင်တော့...ဝေအိဖော်မွမွလုပ်လို့ပေါ့...ခ်ခ်.." "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သေ...