Ch-19

4.6K 624 46
                                    

{ Unicode }

"ငါနဲ့ပဲနေနော်"

"...."

"ငါပြောတာကြားလား"

"ဟင့်အင်း"

"မကြားဘူးဆိုဘာလို့ ဟင့်အင်း လို့ပြောတာလဲ"

"အားရှီးးး...၀မ်ရိပေါ်ရေ..ရစ်လိုက်တာ"

"ငြိုငြင်နေပြီပေါ့"

"ဘာဖြစ်နေတာတုန်းကွာ"

ရှောင်းကျန့်ကစိတ်ရှုပ်စွာပင် ခေါင်းကိုတဗြင်းဗြင်းကုတ်တယ်။

"ငါနဲ့နေပါလို့"

မျက်နှာငယ်လေးနဲ့ ၀မ်ရိပေါ်ကရှောင်းကျန့်လက်ကိုဆွဲထားတယ်။

"မင်းမလွှတ်ဘူးလား"

"မလွှတ်ဘူး...ငါနဲ့ပဲနေ"

"အေး..ဆေးမမြိုနဲ့"

"ဆေးမမြိုတော့ငါမပျောက်တော့ဘူးပေါ့"

"အေးလေ...အဲ့တာကြောင့် ဆေးမြိုလို့ရအောင် ငါဆေးသွားယူပေးမယ်...ငါ့ကိုလွှတ်"

"ပြန်လာနော်"

"ပြန်မလာလို့လင်နောက်လိုက်ရမှာလား"

"မလိုက်နဲ့...လိုက်ချင်လည်း ငါ့နောက်ပဲလိုက်!"

"အေးဟေ့..အေးအေး..မင်းနဲ့ပဲနေမယ်..မင်းနောက်ပဲလိုက်မယ်..ရပြီလား..ဆေးသောက်ချိန်နောက်ကျတော့မယ်..ငါ့ကိုဆေးသွားယူခွင့်ပြုတော့"

အဲ့သည်တော့မှဘဲ ၀မ်ရိပေါ်ကရှောင်းကျန့်လက်ကို မလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးလိုက်တယ်။

ဆေးသွားယူတယ်ဆိုတာကလည်း အဝေးကြီးတော့မဟုတ်ပါဘူး။အဖျား၀င်နေတဲ့၀မ်ရိပေါ်သောက်ဖို့ အောက်ထပ်ကဆေးသတ္တာထဲမှာအပူကျဆေးလေးဆင်းယူရုံပဲ။

ဘူတာရုံရှေ့ နေပူကြီးထဲမှာနာရီပိုင်းလောက်ရပ်နေတာရယ်၊ညနေဘက်ကြီး ရေကို ခေါင်းကနေ လောင်းချိုးလိုက်တာရယ်ပေါင်းပြီး အပူငုပ်သွားရုံလေး။အိပ်ခါနီးမှအသားတွေပူကျစ်တတ်လာတဲ့အခါ ရှောင်းကျန့်အလုပ်ရှုပ်ပါတော့သည်။၀မ်ရိပေါ်ဆိုသည်မှာ ငရစ်ငှက်သေလို့၀င်စားသလားမသိ။နေမကောင်းဖြစ်ပြီဟေ့ဆိုရင် ရှိရှိသမျှလူတွေအကုန်လုံးကို ဆေးသောက်ပြီးရစ်ပါသည်။အော်..မှားလို့...၀မ်ရိပေါ်ကရှိရှိသမျှလူတွေအားလုံးကိုရစ်တာမဟုတ်ဘူး။ရှိရှိသမျှလူတွေထဲကမှ ရှောင်းကျန့်တစ်ယောက်ထဲကိုပဲ ကွက်ရစ်တာ။

My Youth Is YoursWhere stories live. Discover now