Ch-26

4.3K 637 43
                                    

{ Unicode }

ရှောင်းကျန့်ကိုဘယ်လောက်ထိချစ်လဲမေးရင် ဝမ်ရိပေါ်မှာပြန်ဖြေစရာစကားမရှိပါဘူး။ရှောင်းကျန့်ပျော်တာမြင်ချင်တယ်။ပြုံးနေရင်တအားသဘောကျတယ်။နွေဘက်တွေမှာပူလောင်တဲ့အခါ ရှောင်းကျန့်ထုတ်သုံးတတ်တဲ့ပန်ကာလေးဖြစ်ချင်တယ်။အေးမြမှုတွေကို ဝမ်ရိပေါ်ကကိုယ်တိုင်ပေးချင်တာ။မိုးတွင်းမှာဆောင်းတဲ့ထီးကလေးလည်း ဖြစ်ချင်တယ်။မိုးစက်တွေရဲ့ဒဏ်ကနေကာကွယ်ပေးချင်လို့။ဆောင်းတွင်းမှာတော့ ဖြစ်နိုင်ရင်အနွေးထည်မဝင်စေချင်ဘူး။ဘာလို့ဆို ရှောင်းကျန့်အတွက် အနွေးထည်တွေရှိနေရင် ဝမ်ရိပေါ်ဖက်လို့မရဘဲနေဦးမယ်။သိုး‌မွှေးအနွေးထည်တွေမလိုဘူး။လူသားအနွေးထည်ဝမ်ရိပေါ်ရှိတယ်။ဝမ်ရိပေါ်ကနွေးထွေးအောင် ဖက်ထားပေးနိုင်တယ်။

"စားလို့ကောင်းလား"

"အင်း"

ခေါင်းငြိမ့်ပြရင်းဝမ်ရိပေါ်ခွံ့ပေးတဲ့ ဆန်ပြုတ်ကိုဆက်သောက်တယ်။ငြီးငွေ့ခြင်းမည်သည် ရှောင်းကျန့်အတွက်မပါရှိ။လုပ်ပေးကိုင်ပေးရလို့ ငြီးငွေ့တာ၊စိတ်ပျက်စိတ်ကုန်တာမျိုး ဝမ်ရိပေါ်မှာမရှိဘူး။ဖြစ်နိုင်ရင် ဒီလိုမျိုးအမြဲလုပ်ပေးချင်တာ။အစားခွံ့ပေးရတာ၊လိုချင်တာတွေဖြည့်ဆည်းပေးရတာ၊ဝမ်ရိပေါ်ကရှောင်းကျန့်ကိုပြောမပြတတ်အောင်ချစ်ပါသည်။ဒါကိုရှောင်းကျန့်လည်း သိမည်ထင်ပါသည်။

"ဒါကုန်ရင်ဆေးသောက်ရမှာနော်"

"အင်း"

အင်းတစ်ခွန်းထဲဆောင်ပြီး ဝမ်ရိပေါ်ကိုကောက်ချင်နေတဲ့ ရှောင်းကျန့်။မနက်ကပြောလိုက်တဲ့စကားကြောင့် ဝမ်ရိပေါ်ကိုရှောင်ဖယ်ရှောင်ဖယ်နဲ့။ချစ်ပါတယ်လို့ပြောပြီးပြီပဲ။သူငယ်ချင်းအနေနဲ့ပဲဝမ်ရိပေါ်ကခနရပ်တန့်ထားချင်တယ်။သူတို့တွေကငယ်သေးတယ်လေ။ချစ်တာကတော့ချစ်တယ်။အချစ်ချင်းထပ်နေလောက်အောင်ချစ်တယ်။ဒါပေမဲ့ဂျင်းဆောင်ထားပါရစေဦး။အချိန်မှမတန်သေးပါဘဲ။

ကုတင်ခေါင်းရင်းမှာကျောမှီထိုင်ရင်း နှုတ်ခမ်းစူချင်နေတဲ့ရှောင်းကျန့်က ကုတင်ခြေရင်းကိုပဲကြည့်နေတယ်။ဝမ်ရိပေါ်သိတာပေါ့။ဒါဟာဝမ်ရိပေါ်ကိုမကြည့်ချင်လို့၊သူစိတ်ဆိုးနေကြောင်းကို မသိမသာလေးပြတာ။

My Youth Is YoursWhere stories live. Discover now