Ch-34

3.9K 543 25
                                    

{ Unicode }

"ဝမ်ရိပေါ်..!"

အိမ်ပေါ်ထပ်ကိုပြေးတက်ဖို့ပြင်နေတဲ့ခြေလှမ်းတွေက ပါးပါးရဲ့ခေါ်သံကြောင့် တုန့်ခနဲပဲ ။
*ရှောင်းကျန့်ကိုဖုန်းမြန်မြန်ဆက်ရဦးပါမယ်ဆိုမှ ပါးပါးကတစ်မျိုး*
စိတ်ထဲကသာ မကျေမချမ်းရေရွတ်ပေမဲ့ ဝမ်ရိပေါ်က ဝမ်ပါးပါးစကားကိုတော့မလွန်ဆန်ရဲပါပေ ။

"မင်းခဏထိုင်ဦး"

"ဟုတ်"

ဆိုဖာမှာထိုင်နေတဲ့ပါးပါးမျက်နှာက စိတ်အလိုမကျမှုတွေပြည့်နေတယ် ။ ဘေးနားကမားမားကလည်း မျက်နှာမကောင်းဘူး ။ ဝမ်ရိပေါ်ဝင်ထိုင်လိုက်ပြီး ခဏကြာတော့...

"မင်းတို့နှစ်ယောက်ကြိုက်နေကြတာ ကြာပြီလား"

"ဗျာ!!"

မမျှော်လင့်ထားတဲ့မေးခွန်းကိုအမေးခံရတဲ့အခါ ဆယ်ကျော်သက်လေးဝမ်ရိပေါ်တုန်လှုပ်မိပါသည် ။ ဂနာမငြိမ်ဖြစ်သွားတဲ့မျက်ဝန်းတွေရယ် လက်နှစ်ဖက်ကိုယှက်လိုက်မိတာရယ်ကြောင့် ဝမ်ပါးပါးကသက်ပြင်းရှည်ကြီးချတယ် ။

"မင်းတို့ကွာ...မင်းတို့ကယောက်ျားလေးတွေလေ"

"အို...ရှင်ကလည်း ယောက်ျားလေးဖြစ်နေတာနဲ့ချစ်လို့ကြိုက်လို့မရတာမှမဟုတ်ဘဲ"

"မားမား..မင်းတိတ်တိတ်နေ...ဒီကိစ္စကမင်းရဲ့သား ဘဝတစ်ခုလုံးနဲ့တိုက်ရိုက်အချိုးကျတယ်...ဝင်မပါနဲ့ကွာ"

ပါးပါးရဲ့အော်ငေါက်သံကြောင့် ဝမ်မားမားကအသံတိတ်သွားတယ် ။ ခေါင်းငုံ့ရင်းရင်တွေတလှပ်လှပ်ဖြစ်နေတဲ့ ဝမ်ရိပေါ်ကပါးပါးကိုရှင်းပြဖို့ အကြောင်းပြချက်အသည်းသန်ရှာနေမိတာပဲ ။

"မင်းဘာလုပ်မှာလဲ ဝမ်ရိပေါ်"

"ဗျာ!!"

"တဗျာထဲဗျာမနေနဲ့...မင်းဘာလုပ်မှာလဲ..အားကျန့်ကိုဆက်ကြိုက်နေမှာလား..မင်းဘဝမင်းရွေးမှာလား"

"သား...သား.."

စကားဆက်စရာမရှိတဲ့ဝမ်ရိပေါ်က မျက်ရည်တွေတစ်သီကြီးကျလာပြီး ဝမ်ပါးပါးရှေ့ဒူးထောက်တယ် ။

"တောင်းပန်ပါတယ်...တောင်းပန်ပါတယ်ပါးပါး...သားသူမရှိရင်မနေနိုင်ဘူး...ပါးပါးတို့လည်းသိနေတာပဲ..သားမှာသူမရှိလို့မဖြစ်ဘူး"

My Youth Is YoursWhere stories live. Discover now