Ch-25

4.4K 649 58
                                    

{ Unicode }

ခပ်မြန်မြန်ပြေးမိတဲ့ ခြေလှမ်းတွေက ကောက်ချင်ချိတ်ချင်နေဆဲဖြစ်တဲ့ ရှောင်းကျန့်စိတ်ကိုသစ္စာဖောက်တယ်။ဝဲတက်လာတဲ့မျက်ရည်စတွေကိုပုတ်ထုတ်ဖို့မအားနိုင်သေးဘူး။နှုတ်ဆက်ချင်သေးတယ်။ထွက်မသွား‌ပါနဲ့ဦး။ထစ်ခနဲရှိစိတ်မကောက်တော့ဘူးလို့ ကတိပေးပါတယ်။ခနလောက်စောင့်ပါဦးလား။

နောက်ကမားကလှမ်းအော်သည်လေ။

"အခုချိန်လောက်ဆိုလေယာဉ်ထွက်သွားလောက်ပြီပေါ့"တဲ့။

မျက်ရည်တွေနဲ့ဝါးလာတာကြောင့် ရှေ့မြင်ကွင်းကိုကောင်းမွန်စွာမမြင်ရတော့။ဒီလောက်ထိစိတ်ဆိုးသွားမယ်လို့ မထင်ခဲ့တာပါ။ငါတောင်းပန်ပါတယ်။မသွားပါနဲ့!!
ငါမှားပါတယ် ဝမ်ရိပေါ်!!!

ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်‌ဆီသို့ ရောက်လာခဲ့ပေမဲ့ ရှုပ်ယှက်ခတ်နေတဲ့လူအုပ်ကြီးကြားမှာ သူမြင်ချင်တဲ့တစ်ယောက်သောသူကိုတော့မမြင်တွေ့ရပါ။ခေါင်းလည်အောင်လိုက်ရှာမိသည်။ဘောင်းဘီအပွကြီးတွေနှင့်တီရှပ်ပဲဝတ်တတ်တဲ့လူကို။

မျက်စိနောက်စရာအရောင်စုံဝတ်ထားတဲ့လူတွေကို မမြင်ချင်ပါ။ပြောင်အကျီသာဝတ်တတ်တဲ့ဝမ်ရိပေါ်ကိုသာမြင်ချင်ပါ၏။

"ဝမ်ကောင်စုတ်!!ဘယ်မှာလဲ"

မြင်ချင်သူကိုမမြင်ရတဲ့အခါ ခြေထောက်တွေက ယိုင်နဲ့လာသည်။မျက်ရည်ကမဖိတ်ခေါ်ဘဲ အလိုက်သိစွာစီးကျလာတဲ့အခါ ဒူးပေါ်မျက်နှာဝှက်လိုက်မိတယ်။အနောက်ကနေလိုက်လာတဲ့ မားကပုခုံးကိုလာပုတ်ပေးတယ်။

"ဘာလို့များရန်ဖြစ်ခဲ့‌သေးလဲ"ဆိုတဲ့ဆူပူသံကိုလည်းလက်ဆောင်ရတယ်။ဒါတွေမကြားချင်သေးဘူး။လောလောဆယ်ကြားချင်နေတာ ဝမ်ရိပေါ့်အသံ။

.
.
.
.
.
.
.

"တစ်ခုခုစားလိုက်ဦး..ဆေးသောက်ရမယ်"

မားပြောနေတဲ့စကားတွေကို မျက်ကွယ်ပြုကာခေါင်းအုံးကိုမျက်နှာအပ်လိုက်တယ်။

"ဖြစ်ရမယ်..အခုမှ"

မားအသံကိုကြားလေ ရင်ထဲကတစ်ဆို့နေတဲ့တစ်ခုခုကပိုကြီးလာသလိုခံစားနေရတယ်။

My Youth Is YoursWhere stories live. Discover now