Ch-36

3.9K 479 24
                                    

{ Unicode }

"မင်းသေချာလို့လား"

ခပ်အေးအေးလေးတိုက်နေတဲ့ လေအချို့နဲ့အတူ မိုးပွားမှုန်လေးပါလွင့်လာသည် ။ မိုးစက်ကလေးတွေကအေးလွန်းသည် ။ နွေးနွေးထွေးထွေးဖြစ်သွားစေဖို့ လူကြီးဆန်နေတဲ့ကောင်ကလေးရဲ့ရင်ခွင်ထဲ ဝမ်ရိပေါ်တိုးဝင်တယ် ။

"မင်းသာရှိပေးမယ်ဆိုရင် ကိုယ်သေချာပါတယ်"

ဘာမှဆက်မမေးတော့ဘဲ နှုတ်ဆိတ်သွားတဲ့လူကြီးလေးကိုဝမ်ရိပေါ်ကမော့ကြည့်တယ် ။ ခပ်ကျဲကျဲထွက်နေပြီဖြစ်တဲ့နှုတ်ခမ်းမွှေးစစလေးတွေကို အကြည့်စိုက်ထားရင်း..

"Shaving creamရှိတယ်မလား!"

"ဟင်"

"ကိုယ်လုပ်ပေးချင်လို့"

ပါးပြင်လေးကိုလက်နဲ့အုပ်ကိုင်ရင်း နှုတ်ခမ်းမွှေးကျဲကျဲလေးတွေကို လက်မနဲ့ဖိပွတ်မိတယ် ။ မျက်လုံးလေးပြူးရင်းဝမ်ရိပေါ်ကိုငုံ့ကြည့်တဲ့ကောင်လေးကို ဝမ်ရိပေါ်ရင်နှင့်မဆံ့အောင်ချစ်ရပါသည် ။

"မလိုဘူး!"

နှုတ်ခမ်းလွှာလေးတွေကိုခပ်တင်းတင်းစေ့ထားရင်း မာရည်ကျောရည်ပြန်ဖြေတဲ့လူကြီးပေါက်စကိုအသည်းယားလွန်းလို့ အောက်နှုတ်ခမ်းကိုဖိကိုက်မိသည်အထိ ။

"နို့အေးဝယ်တိုက်မယ်လေ"

"ငါကလေးမဟုတ်ဘူး!!"

"ရေခဲမုန့်ရောပဲ"

"ငါ့အသက်နှစ်ဆယ်ကျော်နေပြီ!"

"Hot pot လည်းပါတယ်"

"မင်းပါးစပ်ပိတ်လိုက်တော့!"

ရုပ်ကလေးကိုတည်တင်းရင်း ဘာကျွေးကျွေးငြင်းချင်ယောင်ဆောင်နေတဲ့ကောင်လေး..

"အိမ်မှာဆူရှီတွေဝယ်ထား‌တာရှိသေးတယ်"

"ထ"

"ဟမ်"

"သွားမယ်လေ...မင်းအိမ်ကို!"

ရင်ခွင်ထဲဝင်မှီနေသူကို အတင်းဖယ်ထုတ်လာပြီး ဆူရှီစားဖို့တက်ကြွနေတဲ့ကောင်လေးကို ချစ်လွန်းတာကြောင့် အားနဲ့သိမ်းကြုံးဖက်ရင်းဖျစ်ညှစ်ပစ်လိုက်တယ် ။

My Youth Is YoursWhere stories live. Discover now