Ch-35

4.5K 582 40
                                    

{ Unicode

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ကုတင်ဘေးမှာတစောင်းလေးထိုင်နေတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်သက်ပြင်းချသံကိုသာ တွင်တွင်ကြားနေရသည် ။

"ဘာလို့လာတာလဲ..!"

အေးစက်စက်ကြီးဆက်ဆံပြန်တဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ့်ရင်ဘတ်ကြီးအောင့်လိုက်တာ ။

"ဘာလို့ထွက်သွားတာလဲရော မသိချင်ဘူးလား"

"မေးတာပဲဖြေ...မင်းအရမ်းအားနေရင်လည်း ငါ့ဆီမလာနဲ့ မကြာခင်လျှမ်းလျှမ်းတောက်အောင်မြင်တော့မှာမလား အနေအထိုင်ဆင်ခြင်"

မျက်လွှာချသွားတဲ့ဝမ်ရိပေါ်ရဲ့ရင်ထဲ တကယ်ကိုအခြေအနေမကောင်းပါ ။ လွမ်းခဲ့ရတာဆွေးခဲ့ရတာတွေ ကိုယ်တိုင်ပဲသိတယ် ။

"ကိုယ်မင်းကိုလွမ်းတယ်"

ကျောပေးထားတဲ့အနေအထားမှာ ဝမ်ရိပေါ်ကအနောက်ကနေအတင်းအကြပ်သိုင်းဖက်လာသည် ။

"မထိနဲ့!! ငါ့ကိုလာမထိနဲ့ဝမ်ရိပေါ်!!"

ရုန်းကန်နေတဲ့ရှောင်းကျန့်ကိုလွှတ်ပေးဖို့စိတ်ကူးမရှိပါ ။ တအားလွမ်းနေတာ အငွေ့အသက်လေးတွေရော ခပ်အိအိကိုယ်လုံးလေးကိုရော ။ ဒါပေမဲ့ အရင်ကဖောင်းဖောင်းလုံးလုံးလေးက ပိန်ကျသွားတာကြောင့် ဝမ်ရိပေါ်တစ်ကိုင်ပေါက်စာပဲရှိတော့တယ် ။ အားနဲ့သိမ်းကြုံးဖက်ထားတိုင်း ရှောင်းကျန့်မရုန်းနိုင်ပါ ။ အင်အားသုံးပြီးအနိုင်ကျင့်မယ်ကြံတော့ ရှောင်းကျန့်ကငြိမ်ကျသွားပြီး အပြင်ဘက်ကိုငေးကြည့်တယ် ။ဝမ်ရိပေါ်ရဲ့ပါးရိုးထက်မှာ အညိုကွက်တစ်ကွက်ရှ်ိတယ် ။ အခန်းထဲခိုးဝင်ပြီးရေစိုစက်လက်နဲ့ကုတင်ပေါ်တက်လာတဲ့ ဝမ်ရိပေါ်ကိုရှောင်းကျန့်ကခပ်ကြောင်ကြောင်လေးကြည့်မိတယ်။

အတင့်ရဲစွာ ဝမ်ရိပေါ်ကနှုတ်ခမ်းတွေကိုဖိကပ်နမ်းလာတဲ့အထိ ရှောင်းကျန့်ကမျက်ရည်စီးကြောင်းတစ်ခုနဲ့ ငြိမ်နေမိဆဲ ။ ဝမ်ရိပေါ်ရဲ့အနမ်းတွေက တဖြည်းဖြည်းနက်ရှိုင်းလာကာမှ ရှောင်းကျန့်ကတွန်းထုတ်ကာ လက်သီးတစ်ချက်ပစ်ကျွေးလိုက်ခြင်း ။

"ကိုယ့်ကိုမုန်းနေတာလား"

ရှောင်းကျန့်ရဲ့ကျောပြင်လေးကိုမျက်နှာအပ်ရင်း ခပ်ဆွေးဆွေးအသံနဲ့ဝမ်ရိပေါ်ကစကားဆိုလာတယ်။

My Youth Is YoursWhere stories live. Discover now