Ch-18

4.6K 626 52
                                    

{ Unicode }

"မင်းကကျန့်ကျန့်အချစ်ဆုံးသူငယ်ချင်းဆိုတာလား"

"ဟုတ်"

ရှောင်းကျန့်ကိုအကာကွယ်ယူကာ အနောက်မှာကွယ်ရင်း....
ခပ်တည်တည်ကြီးနဲ့မေးနေတဲ့ ရှောင်းဖွားဖွား​ကို ၀မ်ရိပေါ်ခပ်လန့်လန့်။။

"မိဘတွေမသိအောင် အိမ်ကနေထွက်လာတယ်ဆိုတာကောင်းတာမဟုတ်ဘူး...မင်းမိဘတွေကအဲ့လိုမလုပ်ရဘူးလို့ မဆုံးမထားဘူးလား"

"ပါးနဲ့မားကဆုံးမပါတယ်...ကျွန်တော်နားမထောင်တာပါ"

မိဘကိုထိခိုက်မှာစိုးရိမ်တော့၀မ်ရိပေါ်က အလျှင်အမြန်ကာကွယ်တယ်။ရှောင်းကျန့်ကပါးစပ်လေးပိတ်ပြီး ဟိုကြည့်သည်ကြည့်နဲ့။။

"မင်းနာမည်ဘယ်လိုခေါ်တုန်း"

ပက်လက်ထိုင်ခုံပေါ်မှာထိုင်ရင်း အကဲခတ်နေတဲ့ရှောင်းဖွားဖွားသဘောကျအောင်လို့ ရှောင်းကျန့်က၀မ်ရိပေါ်ကိုအတင်းရှေ့ပို့တယ်။

"၀မ်ရိပေါ်ပါ"

"အင်း...ဘုရင်ပေါ့ မင်းက"

"ဟို..ဟုတ်..အဲ့အဓိပ္ပာယ်ပါပဲ"

"အားကျန့်ကတိုက်ပွဲလေ....ဘုရင်နဲ့တိုက်ပွဲ..၀မ်ကျန့်!!!"

ရှောင်းဖွားဖွားကစကားလမ်းကြောင်းပြောင်းသွားပြီး နာမည်အသစ်တစ်ခုကောက်ပေးလိုက်ပါလေရော။

"၀မ်ကျန့်...လှတယ်နော်ဖွားဖွား"

၀မ်ရိပေါ်ကသဘောတကျရှိနေသလို ရှောင်းဖွားဖွားကလည်းပြုံးရင်းခေါင်းညိမ့်တယ်။
ငူငူကြီးကြည့်နေတဲ့ ရှောင်းကျန့်ကိုလည်း၀မ်ရိပေါ်ကတံတောင်နဲ့တွတ်ရင်း လှတယ်နော် လုပ်နေပါသေးတယ်။

"နာမည်တွေကအစ လိုက်ဖက်ညီနေတာပဲ...အားကျန့်ကိုအရမ်းခင်ပုံပဲ"

"ဟုတ်...ခင်တာမဟုတ်ဘူး...ချစ်တာဗျ"

"ဟေ!!!"

သွားကြီးဖြီးရင်းပြောတဲ့၀မ်ရိပေါ့်စကားကြောင့် ရှောင်းကျန့်ကမျက်လုံးပြူးတယ်။ရှောင်းဖွားဖွားက ပက်လက်ကုလားထိုင်ကနေထထိုင်တယ်။

"သူငယ်ချင်းကိုဘယ်လောက်တောင်ချစ်လို့ မင်းကချုံချင်းထိလိုက်လာရတာတုန်း"

My Youth Is YoursWhere stories live. Discover now