Ch-2

7.7K 951 32
                                    

{ Unicode }

"ရှောင်းကျန့်ဆီသွားဦးမယ်မား"

"အေးအေး....ခန..ရိပေါ်ခနနေဦး"

စက်ဘီးသော့ဆွဲပြီးအမြန်ပြေးထွက်တဲ့၀မ်ရိပေါ်ရဲ့ခြေလှမ်းတွေကမားမားအသံကြောင့်အနောက်ကိုပြန်ဆုတ်ရတယ်။

"ဘာမှာမလို့လဲမားမား"

"ဘာမှမဟုတ်ဘူး..ကျန့်ကျန့်ကြိုက်တဲ့ ပုစွန်ဖက်ထုပ်လုပ်ထားတယ်..ယူသွားဦး"

၀မ်မားမားကဖက်ထုပ်တွေကိုပေါင်းအိုးထဲကနေတူနဲ့ညှပ်ကာထုတ်ပြီးချိုင့်ထဲကိုပြောင်းထည့်နေတယ်။၀မ်မားမားရဲ့ပုခုံးပေါ်ကနေတဆင့်အရှေ့ကိုကျော်ကြည့်ရင်း၀မ်ရိပေါ်ကပြောတယ်။

"ဟွန့်..သားစားချင်တယ်ပြောတုန်းကတော့ လုပ်ပေးဖို့ကိုမအားတာတွေရော...အားတာတွေရော..အခုရှောင်းကျန့်ကျတော့မားလုပ်ပေးတယ်နော်"

"ဒီမှာအမောင်၀မ်ရိပေါ်..မင်းငါ့ကိုကြေးလာတိုက်မနေနဲ့..ကျန့်ကျန့်လေးကတစ်ခါတလေမှစားရတာ..မင်းစားချင်တိုင်းငါလုပ်ပေးနေကြ"

၀မ်မားမားကပွစိပွစိပြောရင်းတွဲစားရမဲ့ငရုတ်ချဥ်ကိုပါထည့်ပေးနေတယ်။

"မား"

"ဘာတုန်း"

၀မ်မားမားရဲ့ခါးကိုဖက်ရင်းပြောတယ်။

"ရှောင်းကျန့်နဲ့သား..ဘယ်သူ့ကိုပိုချစ်လဲ"

"သေချာပေါက်ကျန့်ကျန့်ပဲပေါ့...ငါ့သားကျန့်ကျန့်ကလိမ္မာတယ်..မင်းလိုငဆိုးမဟုတ်ဘူး"

၀မ်ရိပေါ်ခေါင်းကိုလက်ပြန်နဲ့လှမ်းတောက်ရင်းပြောတော့...

"အာ့ဆိုရှောင်းကျန့်ကိုအိမ်ခေါ်ထားလိုက်ပါလား"

၀မ်ရိပေါ်ရဲ့စကားကို ၀မ်မားမားကဘာမှပြန်မပြောဘဲရယ်ပဲရယ်နေတယ်။

"ရပြီ၀မ်ရိပေါ်..ခြင်းထဲသေချာထည့်သွား..စက်ဘီးကိုဖြေးဖြေးနင်း..မမှောက်စေနဲ့...ဖက်ထုပ်တွေပါတာသတိရ"

"မားမားတို့များ..သားစက်ဘီးမှောက်မှာထက်ဖက်ထုပ်တွေမှောက်မှာပိုကြောက်နေတယ်"

"စကားမများနဲ့...သွားတော့..ကျန့်ကျန့်စောင့်နေလောက်ပြီ"

မားမားနဲ့အချေအတင်စကားနိုင်လုလို့၀မှ စက်ဘီးတစ်စီးနဲ့ရှောင်းကျန့်အိမ်ကိုထွက်လာလိုက်တယ်။သွယ်ပြောင်းသောလေပြေညှင်းကဖြည်းဖြည်းညှင်းညှင်းလေးတိုက်ခတ်နေတယ်။အရာရာကိုအပိုင်စိုးရသလို မျက်နှာပေးမျိုးနဲ့ စက်ဘီးတစ်စီးပေါ်ကကောင်လေးတစ်ယောက်။အသွားခရီးကပျော်ဖို့အရမ်းကောင်းတယ်။သူ့ရဲ့အိမ်ကိုသွားရတဲ့ခရီးဖြစ်နေရင်ပေါ့။

My Youth Is YoursWhere stories live. Discover now