{ Unicode }
"ဝမ်ရိပေါ်ရေ...မြန်မြန်ထတော့...!!နောက်ကျနေပြီကွ"
"အာ...ငါးမိနစ်ပဲ..ငါးမိနစ်လောက်ပါပဲကွာ"
"မရဘူးဟေ့ကောင်...ခုထ"
အိပ်ယာပေါ်မှာစောင်တွေနဲ့လုံးထွေးနေတဲ့ဝမ်ရိပေါ်ကို ရှောင်းကျန့်ကအတင်းဆွဲထူတယ်။
"သင်တန်းနောက်ကျနေပြီလို့...ဝမ်ရိပေါ်!!!!"
စိတ်မရှည်တော့တဲ့အဆုံးအော်ချလိုက်မှ ငေါက်ခနဲထထိုင်တော့သည်။
"ထိုင်မနေနဲ့...လုပ်စရာရှိတာလုပ်...ငါမနက်စာကူပြင်ပေးလိုက်ဦးမယ်"
ဝမ်ရိပေါ်ခွထားတဲ့စောင်ကိုဆွဲထုတ်ကာ ခေါက်လိုက်ပြီးရှောင်းကျန့်ကအောက်ထပ်ကိုဆင်းသွားတယ်။အခုဆိုတစ်ပတ်နေလို့ ကိုယ့်အိမ်ကိုယ်တစ်ခေါက်တောင် မပြန်တဲ့ဝမ်ရိပေါ်ကရှောင်းကျန့်အိမ်မှာသောင်တင်နေတယ်။ပန်းချီသင်တန်းသာတက်နေတာ။ဝမ်ရိပေါ်စိတ်လုံးဝမဝင်စားပါပေ။သူစိတ်ဝင်စားနေတာက ပြိုင်ပွဲတွေ။စကိတ်တို့၊ဆိုင်ကယ်တို့၊ပြီးတော့အက။သူဒါတွေကိုအခုတလောစိတ်ဝင်စားနေတယ်။videoတွေလည်းလိုက်ကြည့်ဖြစ်တယ်။ရှောင်းကျန့်ကိုတော့မပြောဖြစ်ဘူး။ရှောင်းကျန့်သာသိရင်အဲ့တာတွေလုပ်ဖို့တွန်းအားပေးလာမှာ။ဝမ်ရိပေါ်ပြောသားပဲ။သူရှောင်းကျန့်နဲ့မခွဲချင်ပါဘူးဆိုနေ။ကိုယ့်နိုင်ငံမှာလည်းလေ့လာလို့ရပေမဲ့ နိုင်ငံခြားကသင်တန်းတွေနဲ့ထရိန်နင်စင်တာတွေကိုဝမ်ရိပေါ်ကပိုသဘောကျတယ်။ဒီလမ်းကြောင်းကိုသာရွေးမယ်ဆိုရင် သူနဲ့ရှောင်းကျန့်ဝေးရမှာ။မဖြစ်ပေဘူး!!!!
"ဝမ်ရိပေါ်ရေ...မင်းမပြီးသေးဘူးလား"
"ပြီး..ပြီးတော့မယ်..ခန"
အတွေးထဲနစ်သွားတာနဲ့ အောက်ကအသံဆာဆာထွက်လာတာမို့ ရေချိုးခန်းထဲအမြန်ပြေးရသည်။
"မြန်မြန်စား..ဒီနေ့စာစစ်မှာ..နောက်ကျတော့မယ်"
"အင်းပါ!!"
မနက်စာကိုအတင်းထိုးထည့်ပြီးသင်တန်းကိုပြေးရသည်။သင်တန်းကမြို့လယ်မှာမို့ ကားနဲ့သာသွားဖြစ်သည်။အိမ်ကကားနဲ့ပို့ပေးမယ်ဆိုတော့လည်း ရှောင်းကိုယ်တော်ကဘတ်စ်ကားသာတိုးစီးချင်ပါသတဲ့။ဝမ်ရိပေါ်ဆိုသည်မှာလည်း ရှောင်းကျန့်ဘာပြောပြောငြင်းဖူးတာမှမဟုတ်ဘဲ။
YOU ARE READING
My Youth Is Yours
FanfictionYizhan "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သောအထာရန်ဂျစ်ဂျ။ ဝေအိဖော်ကနှထန်းနဲ့ချ ဂျောင်ဂျောင်းဂျန့်ယဲ့မက်နာဝယ် ချတွေးကွက်တွေကကွယ် ဘယ်ကရတလဲဆိုရင်တော့...ဝေအိဖော်မွမွလုပ်လို့ပေါ့...ခ်ခ်.." "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သေ...