Ch-3

6.8K 900 56
                                    

{ Unicode }

"မကြည့်နဲ့"

"ကြည့်တော့ဘာဖြစ်လဲ"

"မကြည့်ပါနဲ့ဆို"

"ဘာဖြစ်လဲကွာကြည့်တော့.."

"မင်း..သောက်ကျင့်မကောင်းတဲ့ကောင်!"

"ဆဲသလားမမေးနဲ့နော်..ဆဲလိုက်တာငါလည်းရစရာကိုမရှိတော့ဘူး...နောက်တစ်ခါထပ်ဆဲရဲဆဲကြည့်..တကယ်ဖက်နမ်းမယ်..လူကြားထဲမှာကိုဆွဲနမ်းမှာ"

"ခွေးကောင်!!"

၀မ်ရိပေါ်ပြောတဲ့ကြားထဲကကိုရှောင်းကျန့်ကဆဲဖြစ်အောင်ဆဲလိုက်ပါသေးသည်။

"မင်း..."

"အင်း"

"မကြည့်ပါနဲ့လားကွာ"

ငိုမဲ့မဲ့ရုပ်နဲ့တောင်းပန်စကားပြောနေတဲ့ရှောင်းကျန့်ကို၀မ်ရိပေါ်ကမျက်ခုံးကိုသုံးချက်လောက်ဆက်တိုက်ပင့်ပြတယ်။

"လဒကောင်..မင်းဒီတစ်သက်မိန်းမမရပါစေနဲ့..ရရင်လည်းမင်းမိန်းမမှာအဓိကဟာမပါပါစေနဲ့..မဂ်လာဦးညမှာတင်ပန်းသေပါစေ"

"ဟားဟား. ကျန့်ကျန့်ရယ်..ငါမိန်းမမယူဘူးကွ...မင်းနဲ့ပဲနေမှာ"

လျှာထုတ်ပြောင်ရင်းပြောတဲ့အခါရှောင်းကျန့်ကအိမ်သာသုံးတစ်ရှုးလိပ်နဲ့ကောက်ပေါက်တယ်။ဟုတ်ပါတယ်...ရှောင်းကျန့်ကသန့်စင်ခန်းထဲမှာဖြစ်ပြီး ၀မ်ရိပေါ်ကသန့်စင်ခန်းအ၀မှာမတ်တပ်ကြီးရပ်လို့။။

"အေး..ငါ့ကိုဒါနဲ့ကောက်ပေါက်တော့ မင်းဘာနဲ့သုံးမှာလဲ..အကျီချွတ်သုံးမှာလား..ညစ်ပတ်အိုး"

ရှောင်းကျန့်ကောက်ပေါက်တဲ့တစ်ရှုးလိပ်အားကိုင်မြှောက်ပြရင်းမေးတဲ့အခါ ရုပ်ကငိုမဲ့မဲ့ဖြစ်လာသည်။

"ပြန်ပေး"

"မပေးဘူး...အကျီချွတ်ပြီးလုပ်"

"မင်း!!"

ဘောင်းဘီကိုတစ်၀က်ဆွဲချွတ်ထားတဲ့အနေအထားနဲ့သန့်စင်ခန်း၀င်နေတဲ့ရှောင်းကျန့်အသက်ကဘုရားစူး၁၅နှစ်ပါ။အပေါက်၀မှာရပ်စောင့်နေတဲ့၀မ်ရိပေါ်လည်းတူတူပါပဲ။ရှောင်းမားမားနဲ့ပါးပါးကနှစ်ယောက်တည်းdateဖို့ညဘက်ကြီးအပြင်ထွက်သွားတော့အိမ်မှာရှောင်းကျန့်တစ်ယောက်ပဲကျန်ခဲ့တယ်။လူကြီးတွေမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ရှောင်းကျန့်အိမ်မှာအိပ်ဖို့၀မ်ရိပေါ်ကကြံစည်တယ်။၀မ်ရိပေါ်ကရှောင်းကျန့်ကိုဖက်အိပ်ချင်တာ။ရှောင်းကျန့်ကိုယ်လေးကသူ့အိပ်ယာထဲကဖက်လုံးကြီးထက်နွေးတယ်။ဖက်လို့လည်းကောင်းတယ်။ဒါကြောင့်မိန်းမမယူဘဲဒီကောင်နဲ့နေချင်တာ။

My Youth Is YoursWhere stories live. Discover now