{ Unicode }
ငယ်ရွယ်ခြင်းတို့သည်လွတ်လပ်၏။
"ရှောင်းကျန့်"
"အင်းးး"
သံရှည်ဆွဲရင်းပျင်းတိပျင်းရွဲပြန်ထူးတဲ့ရှောင်းကျန့်ကလေသံနဲ့လိုက်ဖက်ညီစွာ လေးပင်နှေးတုံ့နေတဲ့ခြေလှမ်းတွေနဲ့လျှောက်နေတယ်။
"ဘာဖြစ်နေတာလဲ...ပင်ပန်းလို့လား..လမ်းကောင်းကောင်းလျှောက်စမ်းပါ"
အကုန်လုံးကျောင်းဆင်းသွားထဲက လဒမှိုင်မှိုင်နေတဲ့ရှောင်းကျန့်က မျှော်လင့်ချက်ကြီးမားလွန်းသည့်တဖိတ်ဖိတ်တောက် မျက်၀န်းကြီးတွေနှင့် ကျောင်းဆင်းသွားတဲ့လူတွေကိုလိုက်ကြည့်နေတာ ၀မ်ရိပေါ်သတိထားမိတယ်။အခုလည်း၀မ်ရိပေါ်ပြောနေတာကိုခေါင်းလေးခါရုံပဲခါပြတယ်။
တတိယထပ်ကိုတက်ရမဲ့လှေကားစပ်ကိုရောက်တော့ ရှောင်းကျန့်ကလှေကားလက်ရန်းဘောင်ကိုမှီချလိုက်ပြီးအော်လေတော့သည်။
"အားး...မသွားချင်ဘူး..ကျောင်းကောင်စီဥက္ကဌကိုပြောပေးပါလားကွာ..ငါဒီနေ့ဘာမှမလုပ်ချင်ဘူး..အိမ်ပြန်ချင်တယ်"
မျက်စိကိုစုံမှိတ်ခေါင်းကိုမော့၊လက်ရန်းဘောင်ကိုတစ်ကိုယ်လုံးပစ်မှီရင်းအော်နေတဲ့အခါ၀မ်ရိပေါ်က...
"မရတာမင်းသိရဲ့သားနဲ့..လာပါကွာ..အတန်းခေါင်းဆောင်ဖြစ်နေမှတော့ဘာတတ်နိုင်မှာလဲ"
"အာ..မသိဘူး..ငါမသွားချင်ဘူး..ရိပေါ်..လုပ်ပါ...ငါမသွားချင်ဘူး..အိမ်ပြန်ချင်တယ်လို့"
"မသွားချင်လို့လား"
မျက်လုံးတွေကိုမှေးစင်းရင်း၀မ်ရိပေါ်ကမေးတော့ရှောင်းကျန့်ကခုန်စွခုန်စွလုပ်ရင်း၀မ်ရိပေါ်လက်ကိုဆွဲလို့ပြန်ဖြေတယ်။
"မသွားချင်ဘူး...မသွားချင်ဘူး...ဒီနေ့ငါမင်းအိမ်လိုက်ရမဲ့နေ့လေ..ကျောင်းကောင်စီခိုင်းတာတွေလုပ်နေရင် မင်းအိမ်လိုက်ဖို့အချိန်ရမှာမဟုတ်ဘူး...လုပ်ပါကွာ..ပေါ်ပေါ်ကလည်း"
"...."
၀မ်ရိပေါ်ကဘာမှပြန်မဖြေဘဲစိုက်ကြည့်နေတယ်။
YOU ARE READING
My Youth Is Yours
FanfictionYizhan "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သောအထာရန်ဂျစ်ဂျ။ ဝေအိဖော်ကနှထန်းနဲ့ချ ဂျောင်ဂျောင်းဂျန့်ယဲ့မက်နာဝယ် ချတွေးကွက်တွေကကွယ် ဘယ်ကရတလဲဆိုရင်တော့...ဝေအိဖော်မွမွလုပ်လို့ပေါ့...ခ်ခ်.." "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သေ...