Ch-29

4.2K 603 70
                                    

{ Unicode }

"ငါတကယ်မသိလိုက်တာပါကွာ"

"တကယ်မင်းထင်နေတာ"

စိတ်မ‌ဆိုးချင်‌ယောင်ဆောင်သော်ငြား ဆူပုပ်နေတဲ့မျက်နှာကြီးကထိန်းမရပေ။

"ငါ့ကိုမသနားဘူးလား...ငါပြေးလာရတာ"

မျက်နှာငယ်လေးနဲ့လုပ်ပြနေလည်း ရှောင်းကျန့်ကမသိချင်‌ယောင်ဆောင်ပါသည်။

လွန်ခဲ့သောနှစ်နာရီခန့်~~~~~~~

ကားမှတ်တိုင်မှာတစ်ယောက်ထဲကျန်ခဲ့တဲ့ ရှောင်းကျန့်ခမျာ မျက်စိသူငယ်နားသူငယ်နဲ့။ကားစီးတိုင်းဝမ်ရိပေါ်ကိုပဲအားကိုးခဲ့သမျှအစုလိုက်အပြုံလိုက်ဒုက္ခရောက်ရတော့တာပါပဲ။ဘယ်ကားစီးလို့စီးရမှန်းမသိ။ဝမ်ရိပေါ်ကြီးကတော့ ကောင်မလေးတစ်ယောက်လက်ကိုဆွဲပြီးကားပေါ်တက်သွားတယ်။ငါ့ကျတော့တစ်ယောက်ထဲထားခဲ့ရက်လေခြင်း။ရှောင်းကျန့်ရင်ထုပြီးသာငိုချင်လေရဲ့။ပြောတော့ ငါ့သူငယ်ချင်းကိုမျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင်ချစ်ပါတယ်ဆိုပြီး လုပ်တော့သောက်တလွဲ။သင်တန်းမှာတွေ့တော့မှ မင်းအမွှေးတွေပြောင်အောင်နှုတ်ပစ်ဦးမယ်။

အငှားကားစီးပြီးသင်တန်းရောက်လာပေမဲ့ ဝမ်ရိပေါ်ကရောက်မလာသေး။သူ့ဟာမလေးကိုလိုက်ပို့နေသေးလားမသိဘူး။တွေးရင်းတွေးရင်းကို ဝမ်ရိပေါ့်မျက်နှာကြီးမြင်ယောင်လာလို့ ပန်းချီစုတ်တံကိုဆေးဘူးထဲအားပါပါနှစ်ချလိုက်တာ စွက်ခနဲ။ဆေးတွေတောင်ဘေးကိုစင်တယ်။ပထမတစ်ချိန်တစ်ဖြတ်နားမှ ဝမ်ရိပေါ်တစ်ယောက် ချွေးသံတရွှဲရွှဲနဲ့သင်တန်းကိုရောက်လာတော့တယ်။

"ရှောင်းကျန့်ရာ...စိတ်ပူလိုက်ရတာ...မင်းကသင်တန်းရောက်နေပြီကိုး"

ခနအမောဖြေရင်းရှောင်းကျန့်ဘေးမှာလာရပ်၊စကားတွေဆိုတဲ့ဝမ်ရိပေါ်ကိုရှောင်းကျန့်ကစကားပြန်မဖြေ။မမှိုတ်မသုန်မျက်နှာထားနဲ့ရှောင်းကျန့်ရဲ့ဒေါသလယ်ဗယ်ဟာအမြင့်ဆုံးထိရောက်နေပြီဖြစ်တယ်။ဘယ်သွားပြီးဘာတွေလုပ်နေခဲ့လို့ အကျီပုံမကျပန်းမကျ၊ချွေးတရွှဲရွှဲနဲ့ရောက်လာရတာတုန်း။ဝမ်ရိပေါ်‌ ဘူးတာသိပေမဲ့...ဒီလောက်ပေါ်တင်ကြီးရဲတင်းလာမယ်မှန်းရှောင်းကျန့်မသိခဲ့ရပါလား....!!

My Youth Is YoursWhere stories live. Discover now