Ch-24

4.2K 607 36
                                    

{ Unicode }

နေမြင့်မှနိုးလာတဲ့ရှောင်းကျန့်ဟာ ညကတစ်ညလုံးငိုထားတာမို့ ခေါင်းတွေအုံခဲနေတယ်။အားယူကာထထိုင်လိုက်ပြီး ကိုက်ခဲနေတဲ့မျက်ရိုးတွေကိုနှိပ်နယ်နေမိသည်။ညကဝမ်ရိပေါ်ဘယ်မှာအိပ်သလဲမသိပေမဲ့ ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ထွက်သွားပြီးထဲက ငိုပြီးအိပ်ပျော်သွားတာပဲ။

မှန်ရှေ့မှာမတ်တပ်ရပ်လိုက်တော့ ဖောင်းအစ်နေတဲ့သူ့မျက်လုံးတွေကိုပြန်မြင်ရတယ်။တစ်ဆက်တည်းမျက်လုံးကအငြိမ်မနေ..နှုတ်ခမ်းဆီအကြည့်ရောက်သွားတော့ မနေ့ကဝမ်ရိပေါ်ရဲ့အကြမ်းပတမ်းနမ်းရှိုက်သွားတာတွေကို ပြန်မြင်ယောင်လာတာမို့ မျက်နှာကြီးကိုရေနွေးပူနဲ့ပက်ခံလိုက်ရသလို ပူရှိန်းရှိန်းနဲ့။ခေါင်းကိုနာနာလေးခါထုတ်လိုက်ပြီး မျက်နှာသစ်လေတယ်။

"မသိချင်ယောင်ဆောင်နေမယ်...ဟုတ်ပြီ"

မျက်နှာသစ်ပြင်ဆင်ပြီးလို့ အောက်ဆင်းမယ်ကြံတော့လည်း ချက်ချင်းကြီးမဆင်းသွားနိုင်။ဝမ်ရိပေါ်နဲ့များထိပ်တိုက်တွေ့ခဲ့ရင် ဘယ်လိုမျက်နှာထားမျိုးနဲ့ ဘယ်ကနေဘယ်လိုစကားစရပါ့မလဲတွေးနေမိတယ်။

"နိုးပြီလား"

ရှေ့ကနံရံကြီးကိုမချိပြုံးလေးပြုံးရင်းမေးသည်။နံရံကြီးကဘာမှပြန်မဖြေ။

"အာ.. မဟုတ်သေးပါဘူး..."

ခါးထောက်ကာမဟုတ်သေးဘူးဆိုပြီး မျက်မှောင်ကျုံ့ပြန်တယ်။

နောက်တစ်မျိုးပြောင်းတာက...
နံရံကြီးကိုမျက်စောင်းတစ်ချက်ထိုးပြီး မနက်စာစားနေတဲ့ပုံထပ်ဟန်ဆောင်တယ်။
နံရံကြီးနေရာမှာ ဝမ်ရိပေါ်လို့မှတ်ကြကုန်။
အသက်မဲ့တဲ့နံရံကြီးအားစိုက်ကြည့်ရင်း
အဆင်မပြေသေးဘူးဆိုပြီး စိတ်ရှုပ်စွာခေါင်းကိုဆွဲဖွတယ်။

နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ရင်း အကြံထုတ်နေတဲ့ရှောင်းကျန့်က ရုတ်တရက်ကြီးချောင်းတစ်ချက်ဟန့်ကာမေးပြန်တယ်။ဘာတုန့်ပြန်မှုမှမရှိတဲ့ နံရံကြီးဝမ်ရိပေါ်ကို။

"ညကဘယ်မှာအိပ်တာလဲ"

မေးပြီးမှမဟုတ်သေးဘူးဆိုကာ ခေါင်းခါပြန်သည်။

My Youth Is YoursWhere stories live. Discover now