Ch-8

5.1K 701 39
                                    

{ Unicode }

ရှောင်းကျန့်က၀မ်ရိပေါ်ကိုစကားမပြောပါ။အကြောင်းကားဖုန်းကိုဆွဲလုပြီးဖက်ခိုင်းရာကစလေသည်။
ကျောင်းတက်ခေါင်းလောင်းမထိုးမှီ ရှေ့ဆုံးတန်းမှာထိုင်ရင်းစာအုပ်တွေကိုပဲကြည့်နေတဲ့ရှောင်းကျန့်။၀မ်ရိပေါ်ကထုံးစံအတိုင်းဘေးကနေမေးကြီးထောက်ပြီး ကြက်ကြီးလည်လိမ်ထားတဲ့ရုပ်နဲ့ ရှောင်းကျန့်ကိုငမ်းနေတယ်။

"ရှောင်းကျန့်..မင်းငါ့ကိုတစ်သက်လုံးစကားမပြောတော့ဘူးလား"

"....."

"ရှောင်းကျန့်...မင်းတကယ်မပြောဘူးပေါ့"

"......"

"ပြီးမှငါ့အဆိုးမဆိုနဲ့"

"....."

၀မ်ရိပေါ်ကိုneglectလုပ်လို့စာအုပ်ကိုပြောင်းပြန်ကြီးကိုင်ပြီး စာဖတ်ချင်ယောင်ဆောင်နေတဲ့ရှောင်းကျန့်ကို အနောက်တန်းကမိန်းကလေးတစ်သိုက်က အတင်းတုတ်တယ်။

"ဟုတ်တာလည်းမဟုတ်ဘဲနဲ့...ရိပေါ်ကနှစ်ချက်လောက်ဖက်နမ်းလိုက်တာနဲ့...မင်းကလည်းကွာဆိုပြီးပြန်ပါသွားမှာဘဲကို...အဲ့ရှောင်းကျန့်ဟာလေ.."

ရှောင်းကျန့်ကိုကြည့်ရင်းမဲ့ရွဲ့ကာပြောနေတဲ့ကောင်မလေးက ၀မ်ရိပေါ်ကိုခရက်နေတာ။ခက်တာက၀မ်ရိပေါ်ကခရက်တာတွေမခရက်တာတွေနားမလည်ဘူး။သူနားလည်တာသူ့သူငယ်ဂျင်း...

သူငယ်ဂျင်းသည်သာသူ့ဘ၀
သူငယ်ဂျင်းသည်သာသူ့အနာဂတ်
သူငယ်ဂျင်းဘ၀လုံခြုံစိတ်ချရဖို့သူရှိမှဖြစ်မည်တဲ့လေ

"သူများတကာမှာတောင်အဲ့လိုနမ်းမယ့်သူငယ်ဂျင်းရှိတယ်..နင့်မှာရှိလို့လား..မရှိရင်အသာနေ..အာမချောင်နဲ့"

"ဒီဖေ...."

ချက်ကောင်းထိသွားပုံရတဲ့ကောင်မလေးရဲ့ဆဲသံမှမဆုံးသေးရှောင်းကျန့်ထံမှအော်သံကြီးထွက်လာလေသည်။

"အာ..၀မ်ရိပေါ်..ဖယ်စမ်း..မလုပ်နဲ့"

"မဖယ်ဘူး..မင်းကငါ့ကိုကောက်တာလားဟမ်"

"မကောက်ဘူး...မကောက်တော့ဘူး..အဲ့တာကြောင့်ဖယ်....လူမြင်မကောင်းဘူး"

My Youth Is YoursWhere stories live. Discover now