{ Unicode }
ဒီနေ့ရှောင်းကျန့်တစ်ယောက်စိတ်တွေအကြီးအကျယ်ညစ်နေပါတယ်။အကြောင်းကတော့ ကျောင်းကောင်စီဥက္ကဌက အတန်းခေါင်းဆောင်တွေ ကျောင်းဆင်းရင်နေခဲ့ရမယ်လို့ပြောထားတာကြောင့်ပါပဲ။ရှောင်းကျန့်မနေခဲ့ချင်ပါ။ဒီနေ့ကသောကြာနေ့။
ညနေ၃နာရီကျောင်းဆင်းရင် ၀မ်ရိပေါ်တို့အိမ်လိုက်သွားပြီး ၀မ်ပါးပါး၀ယ်လာမဲ့စားစရာတွေကို ကိုလာလေးနဲ့လွေးရမဲ့နေ့။ကျောင်းကောင်စီကခိုင်းပြီဆိုရင် ည၈နာရီလောက်ထိမနားမနေခိုင်းတာ။ဒီသောကြာနေ့တော့ ၀မ်ပါးပါး၀ယ်လာမဲ့ပူပူနွေးနွေးစားစရာတွေနဲ့ဝေးပြီပေါ့။၀မ်ပါးပါး၀ယ်လာမှာက ဘာတွေများလဲ။ကြွပ်ကြွပ်ရွရွကြက်ကြော်ကိုမှနှမ်းစေ့ငရုတ်ဆီလေးနဲ့တို့စားရမှာလား။
ကော်ရည်ခေါက်ဆွဲကြော်ပူပူလေးကို ၀မ်မားမားဖျော်ပေးမဲ့လီမွန်တီးလေးနဲ့တွဲပြီးစားရမှာများလား။cheese ballနဲ့chicken boxingကို ၀မ်မားမားလုပ်ပေးမဲ့ spicy3xနဲ့များလား။ဒါမှမဟုတ် ငရုတ်အနီတောင့်လေးတွေပေါလောပေါ်နေတဲ့ ပူပူစပ်စပ် စီချွမ်းဟော့ပေါ့များလား။အတွေးတွေနဲ့ယောက်ယက်ခတ်ပြီးတံတွေးမြိုချနေတဲ့ရှောင်းကျန့်ကို ၀မ်ရိပေါ်ကမျက်မှောင်ကျုံ့ပြီးကြည့်နေတယ်။တံမြက်စည်းကြီးကိုင်ပြီးရှောင်းကျန့်ငေးရင်းတံတွေးမြိုချနေရတဲ့အထိဖြစ်စေတဲ့အရာကို
ရှောင်းကျန့်နည်းတူလိုက်ကြည့်သောအခါ
ဟိုဘက်က မိန်းကလေးအုပ်စုစကားထိုင်ပြောနေတာပဲရှိသည်။"ဘုန်း!!"
"ဟော့ပေါ့!!!"
၀မ်ရိပေါ်ကစာရေးခုံကိုခြေထောက်နဲ့ဆောင့်ကန်တယ်။ဘေးကရှောင်းကျန့်ယောင်ပြီးထအော်တာက "ဟော့ပေါ့"တဲ့။
"ခွီး..."
နောက်ဆုံးတန်းမှာအုပ်စုလိုက်ထိုင်နေတဲ့ဟောက်ရွှမ်းတို့ဆီကခွီခနဲအသံကထွက်လာတော့၀မ်ရိပေါ်ကပေစောင်းစောင်းတစ်ချက်လှမ်းကြည့်လိုက်တယ်။
၀မ်ရိပေါ်နဲ့ဆုံတာနဲ့ဟောက်ရွှမ်းကလွဲလို့ကျန်တဲ့လူတွေအကုန်မီးသေ။"ဘာလို့အားအားယားယားခုံကိုကန်တာလဲ"
"မင်းကရောဘယ်တွေကြည့်နေတာလဲ"
YOU ARE READING
My Youth Is Yours
FanfictionYizhan "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သောအထာရန်ဂျစ်ဂျ။ ဝေအိဖော်ကနှထန်းနဲ့ချ ဂျောင်ဂျောင်းဂျန့်ယဲ့မက်နာဝယ် ချတွေးကွက်တွေကကွယ် ဘယ်ကရတလဲဆိုရင်တော့...ဝေအိဖော်မွမွလုပ်လို့ပေါ့...ခ်ခ်.." "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သေ...