Ch-37

4.1K 466 22
                                    

{ Unicode }

တဗျစ်တောက်တောက်ဆူပူနေတဲ့ဝမ်ပါးပါးရဲ့စကားသံတွေကြားမှာတောင် ဝမ်ရိပေါ်ကရှောင်းကျန့်လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း ခိုးပြုံးတယ် ။ ရှောင်းကျန့်ကတော့မျက်စောင်းဝင့်ကာဖြင့် ဝမ်ရိပေါ်ကိုတည်တည်ငြိမ်ငြိမ်နေဖို့သတိပေးလေရဲ့ ။

"ငါ့ပိုက်ဆံတွေဘယ်လောက်ကုန်သွားလဲမင်းသိလား ဝမ်ရိပေါ်!! မင်းကိုအဲ့ပို့ရတာလွယ်ကူတယ်များထင်နေလား!!"

ဧည့်ခန်းထဲရှေ့လျှောက်လိုက်နောက်လျှောက်လိုက်နဲ့ ပါးစပ်ကလည်းတတွတ်တွတ်ပြောရင်း ဆူပူကျိန်းမောင်းနေတဲ့ဝမ်ပါးပါးစကားတွေက ဝမ်ရိပေါ့်နားထဲတစ်လုံးမှမဝင် ။ သူ့နားထဲတည့်တည့်မတ်မတ်ကြီးဝင်လာတာက "ဝမ်ရိပေါ် ခပ်တည်တည်နေစမ်း!!" ဆိုတဲ့ရှောင်းကျန့်ရဲ့ချစ်စဖွယ်ဆူပူသံလေးပဲဖြစ်တယ် ။

"ခပ်တည်တည်နေရင်ဘာပေးမှာလဲ"

အနားနားကပ်ပြီးတိုးတိုးလေးပြောတဲ့အခါ ‌မျက်ထောင့်နီကြီးနဲ့ပြန်ကြည့်တဲ့ရှောင်းကျန့်က ဝမ်ရိပေါ့်မျက်လုံးထဲမှာတကယ်ချစ်စရာကြီး ။

"ယီးပဲရမယ်...ဝမ်ပါးပါးပြောတာကိုနားထောင်လိုက်တော့!!"

ခပ်ကြိတ်ကြိတ်ပြန်ပြောတဲ့အခါ ဝမ်ရိပေါ်ကတခွီခွီရယ်ပါသည် ။ ရှောင်းကျန့်လည်းမနိုင်တဲ့အဆုံး သက်ပြင်းတိုလေးတစ်ချက်ချလို့လွှတ်ထားလိုက်ပေမဲ့ ခါးကြီးထောက်ပြီးကြည့်နေတဲ့ဝမ်ပါးပါးက လူပိုကြီးလို ။ တခွီခွီရယ်နေတဲ့ဝမ်ရိပေါ်နဲ့မနိုင်တော့တဲ့အဆုံးရယ်ချင်လာတဲ့ရှောင်းကျန့်.. ရှေ့မှာခါးကြီးထောက်ပြီးဆူဆုံးမဖို့စောင့်နေတဲ့ဝမ်ပါးပါးဟာဂျိုကာကြီးလို ။

"မင်းတို့နှစ်ကောင်ရယ်လို့ပြီးဦးမှာလား!"

"အာ.."

"အယ်..ပါးပါး"

တအယ်အယ်နဲ့ဝမ်ပါးပါးရှိမှန်းသတိထားမိသွားတဲ့နှစ်ယောက်ကိုကြည့်ပြီး နားရင်းပါးရင်းတွေအုပ်ပစ်လိုက်ချင်စိတ်ကတဖွားဖွား ။

"မင်းတို့ငါပြောနေတာတွေရောသိရဲ့လား..မင်းတို့ကောင်တွေလုပ်ပုံကမထီမဲ့မြင်နဲ့"

My Youth Is YoursWhere stories live. Discover now