Ch-22

4.3K 584 14
                                    

{ Unicode }

"အား....မား...နာတယ်"

"နာအောင်လုပ်တာမနာဘဲနေမလားဟဲ့"

"ရှောင်းကျန့် ငါ့ကိုကယ်ပါဦး!"

အားကိုးတကြီးစစ်ကူလှမ်းတောင်းမိပေမဲ့ ကိုယ်တော်ကမကြားချင်ယောင်ဆောင်လို့ မျက်နှာတောင်လွှဲသွားသေးသည်။

"အ့...နာတယ်"

"မင်းနောက်တစ်ခါအဲ့လိုထပ်လုပ်ဦးမှာလား...ဝမ်ရိပေါ်"

"လုပ်မှာ"

"ဘာ!!"

"မလုပ်တော့ဘူး..မလုပ်တော့ဘူး...လွှတ်ပါတော့ နားရွက်ပြတ်ထွက်တော့မယ်"

ဝမ်ရိပေါ်ကငယ်သံပါအောင်အော်လို့ တောင်းပန်ကာမှ ဝမ်မားမားက နားရွက်ကိုလိမ်ဆွဲထားရာကနေ လွှတ်ပေးလိုက်တယ်။

"ပါးတို့နဲ့တစ်ခါထဲပြန်လိုက်ခဲ့ ရိပေါ်"

"မလိုက်ဘူး...မလိုက်ဘူးနော် ရှောင်းကျန့်"

ဘေးနားမှာမဆိုင်သလိုလေးလုပ်နေတဲ့ ရှောင်းကျန့်နောက်ကိုပြေးပုန်းပြီး လက်မောင်းကိုကိုင်ကာ ရှောင်းကျန့်များသူ့ဘက်ကပါမလားတောင်းဆိုမိသည်။

"ပြောလိုက်လေရှောင်းကျန့်...ငါမင်းနဲ့ပဲတူတူပြန်မှာလို့"

အနောက်ကနေမျက်နှာငယ်လေးနဲ့လာအားကိုးနေတဲ့ ဝမ်ရိပေါ်ကိုတစ်ချက်ကြည့်လိုက်ပြီး ရှောင်းဖွားဖွားကိုပါလှမ်းကြည့်မိတယ်။

"ရိပေါ်ကသားနဲ့တူတူ‌ပြန်ချင်တယ်တဲ့...ဝမ်မားနဲ့ပါးပြန်နှင့်ပါလား...သားပြန်မှတစ်ခါထဲခေါ်လာလိုက်ပါ့မယ်"

"အို...မရပါဘူးကျန့်ကျန့်ရယ်...ဒီရောက်နေမှန်းသိထဲကလာခေါ်ရမှာသင်းကို...ဝမ်ပါးအလုပ်ကိစ္စကြောင့်ကြန့်ကြာနေတာ"

"မားကလည်း...ရှောင်းကျန့်ကတောင် ပြောနေပြီပဲဟာ...သားပြန်မလိုက်ချင်လို့ပါ မားရယ်.."

"မရဘူး...မင်းပြန်လိုက်ခဲ့ရမယ်ဝမ်ရိပေါ်...မွှေတာလည်းကြည့်မွှေ"

ဝမ်ပါးပါးရဲ့မာတင်းတင်းစကားအောက် ဝမ်ရိပေါ်အသံတိတ်သွားသည်။

"မောင်ရင်တို့ပြန်မယ်ဆိုရင်လည်း..နောက်ရက်မှပြန်ပါလားကွယ်...ညနေလည်းစောင်းနေပြီဆိုတော့"

My Youth Is YoursWhere stories live. Discover now