{ Unicode }
ဝမ်ရိပေါ်သတိလက်လွတ်ဖြစ်ကာပြုတ်ကျသွားသည်။အိစက်နေတဲ့ဖဲမွေ့ယာကြီးပေါ်သို့။
ပေါင်လယ်ထိခွဲကြောင်းပါတဲ့ အနီရဲရဲဇာအကျီပါးကိုဝတ်ဆင်ထားတဲ့မိန်းကလေးတစ်ယောက်သူ့ကိုတွန်းချလိုက်တာ။။မှင်သက်စွာပင်ထိုမိန်းကလေးကိုကြည့်နေတုန်း ထိုမိန်းကလေးကဖဲမွေ့ယာပေါ်သို့ လေးဘက်ထောက်အနေအထားဖြင့်တက်လာလေသည်။
"မင်း..မင်းဘယ်သူလဲ"
"ရှုး"
သေးသွယ်သောလက်ညိုးလေးအားနှုတ်ခမ်းအစုံနားကပ်ကာ တိုးတိုးနေရန်သတိပေးလိုက်ပြီး ဝမ်ရိပေါ်ရဲ့အပေါ်ကိုအုပ်မိုးလာတော့သည်။
၁၆နှစ်ပြည့်ခါနီးလူပျိုလေးတစ်ယောက်က မိန်းမတစ်ယောက်နှင့်အနီးကပ်ဆုံးအခြေအနေကိုကြုံရတဲ့အခါ ခြေဖျားလက်ဖျားတွေအေးစက်ပြီး ပြောစရာစကားများပျောက်ရှကာဆွံ့အနေခဲ့သည်။
ဝမ်ရိပေါ်ဆေးမိထားသလိုပဲ။သူဘာမှမလုပ်နိုင်တော့ဘဲ ထိုမိန်းကလေးပြုသမျှကိုကြောင်ကြည့်နေမိတော့တာ။
ဝမ်ရိပေါ့်ဆီကိုတဖြည်းဖြည်းတိုးကပ်လာတဲ့မိန်းကလေးကြောင့် မျက်စိကိုစုံမှိတ်ချလိုက်ကာစိတ်ထဲမှတိုးတိတ်စွာရေရွတ်လိုက်မိသည်။
*ရှောင်းကျန့်!!!!*
နှုတ်ခမ်းထက်သို့လာရောက်ထိတွေ့တဲ့ ခပ်နွေးနွေးလျှာကြောင့် မျက်လုံးတွေကပြူးကျယ်သွားရသည်။
"အဟိ"
ပြူးကျယ်နေတဲ့မျက်လုံးတွေက လှုပ်ရှားမှုပြုဖို့တောင်မေ့လျော့နေတဲ့အထိ။တစ်ခါအခုသူ့ပေါ်မှာရှိနေတာ မိန်းကလေးတစ်ယောက်မဟုတ်တော့ပြန်ဘူး။မျက်လုံးရွဲကြီးတွေနှင့်အောက်နှုတ်ခမ်းအားဖိကိုက်ရင်း တပ်မက်စွာကြည့်နေသည့် ရှောင်းကျန့်!!!!
အတိုင်းအဆမဲ့မြန်လာတဲ့ရင်ဘတ်ထဲကအသံတွေကြောင့် ပတ်ဝန်းကျင်ကအိပ်မောကျနေသူတွေထိတ်လန့်သွားမှာတောင်စိုးရသည်။
"ရှောင်းကျန့်...မင်းဘာလုပ်နေတာလဲ"
"ဝမ်ကိုကိုလေး!"
YOU ARE READING
My Youth Is Yours
FanfictionYizhan "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သောအထာရန်ဂျစ်ဂျ။ ဝေအိဖော်ကနှထန်းနဲ့ချ ဂျောင်ဂျောင်းဂျန့်ယဲ့မက်နာဝယ် ချတွေးကွက်တွေကကွယ် ဘယ်ကရတလဲဆိုရင်တော့...ဝေအိဖော်မွမွလုပ်လို့ပေါ့...ခ်ခ်.." "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သေ...