{ Unicode }
နေရောင်ခပ်ဖြဖြကအခန်းထဲတိုး၀င်လာတဲ့အထိ၀မ်ရိပေါ်မထသေး။။အကြောင်းကားသိမ်းကြုံးဖက်ထားတဲ့ နွေးနွေးလုံးလုံးအလုံးတစ်လုံးကြောင့်သာ။
"အေးတယ်!!"
မပီမညှင်းအိပ်ချင်မူးတူးအသံနဲ့ထိုခပ်နွေးနွေးအရာကိုပြောပြီး အသေကုန်သိမ်းကြုံးဖက်ပြန်ပါသည်။
"အင့်..၀မ်ရိပေါ်..ဖယ်တော့"
"ဟင့်အင်း"
"ဖယ်..ငါနာတောင်နာလာပြီ...ဖက်တာလား..ဆွဲညှစ်နေတာလားမသဲကွဲဘူး"
"ပြန်အိပ်..ငါမထချင်သေးဘူး"
ထဖို့လုပ်နေတဲ့ရှောင်းကျန့်အားအတင်းချုပ်ထားရင်းပြောတဲ့အခါရှောင်းကျန့်ကလည်းပြန်ရုန်းထွက်ရင်းပြောသည်။
"မင်းဘာမင်းအိပ်..ငါထတော့မယ်..အချိန်မနည်းတော့ဘူး"
"ကျစ်...ရှောင်းကျန့်ရားးး"
အတင်းတွေကိုဖက်ထားတဲ့ကြားကနေ ကုန်းရုန်းထသွားတဲ့ရှောင်းကျန့်ကြောင့်၀မ်ရိပေါ့်အသံကြီးက မနက်စောစောစီးစီးကျယ်လောင်စွာ။။
####
"မြန်မြန်လုပ်...ငါတောင်ရေချိုးပြီးပြီ"
၀မ်ရိပေါ်ရေချိုးခန်းထဲ၀င်မယ်လုပ်တဲ့အချိန်မှာ ရှောင်းကျန့်ကကျောင်းအကျီတောင်လဲပြီးသွားပြီ။
"စာအုပ်တွေထည့်ပေးဦး"
"ထည့်ပေးပြီးပြီ..ငါအောက်ဆင်းနှင့်မယ်..၀မ်မားမားကိုမနက်စာကူပြင်ပေးမလို့...မင်းဆင်းလာရင်ငါ့လွယ်အိတ်ပါယူခဲ့"
"အင်း"
ခပ်ကြိတ်ကြိတ်ပြုံးလိုက်ရင်းပြောတဲ့ ၀မ်ရိပေါ့်ရဲ့အပြုံးကိုရှောင်းကျန့်တစ်ယောက်နားလည်မယ်မထင်။မနက်စာကူပြင်ပေးမယ်တဲ့လား။ငါ့သူငယ်ဂျင်းကမသိရင်ငါ့အိမ်ရှင်မကျနေရောပဲ!!!
"၀မ်ရိပေါ်..မြန်မြန်စားတော့..ကျောင်းကနောက်ကျတော့မယ်"
"အေးဆေးစားပါရစေဦး"
"အေးဆေးစားချင်ရင်စောစောထလေ!!"
"တော်စမ်းပါကွာ...ဒီနေ့တစ်ရက်လေးစောစောနိုးတာကိုများ...အရင်ကငါမင်းကိုနေ့တိုင်းစောင့်ရတာပဲရှောင်းကျန့်!!"
YOU ARE READING
My Youth Is Yours
FanfictionYizhan "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သောအထာရန်ဂျစ်ဂျ။ ဝေအိဖော်ကနှထန်းနဲ့ချ ဂျောင်ဂျောင်းဂျန့်ယဲ့မက်နာဝယ် ချတွေးကွက်တွေကကွယ် ဘယ်ကရတလဲဆိုရင်တော့...ဝေအိဖော်မွမွလုပ်လို့ပေါ့...ခ်ခ်.." "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သေ...