Ch-31

4.1K 564 41
                                    

{ Unicode }

ခံစားချက်တွေ ဖွင့်ဟပြရတာ ခက်ခဲတယ်ဆိုပေမဲ့ အဖွင့်ပြောခံရသူဘက်ကလည်း နားထောင်ပေးရတာ လွယ်ကူမနေဘူး ။ အထူးသဖြင့် ဖွင့်ပြောတဲ့သူက ဝမ်ရိပေါ်လိုလူမျိုးဖြစ်နေရင်ပေါ့ ။

"ချစ်တာသိပါတယ်...ငါနဲ့လာအိပ်လေ...အော်...မင်းလေးရဲ့စိတ်ကိုထိန်းချုပ်ထားစရာမလိုပါဘူး...လွတ်လွတ်လပ်လပ်ပေါ့"

"ဝမ်ရိပေါ် !!!"

"အင်း...ချစ်မှန်းသိတယ်...ခေါ်မနေနဲ့"

"မင်းတစ်ယောက်နဲ့တော့ငါရူးချင်တာပဲ"

"မရူးပါနဲ့ဦး...ငါတို့ယူတောင်မယူရသေးဘူးလေ"

"ချီးပဲ...ဝမ်ရိပေါ်ရေ"

"ချစ်တာသိတယ်လို့"

"ချီးပဲလို့ပြောတာဟေ့...ချီး...ချီး!!!"

အဲ့သလိုအော်သံတွေနဲ့အစပြုရတဲ့ မနက်ခင်းတွေ ၊ အိပ်ယာဝင်ချိန်တွေက တစ်ပတ်ကျော်ခဲ့ပြီ ။
ဝမ်ရိပေါ်ရဲ့အသားယူအတင်းဖက်နမ်းကာ ဖွင့်ပြောတဲ့အစီစဉ်ကြီးကြောင့် ရှောင်းကျန့်ရှက်ဖျားပါဖျားတယ် ။ ရှောင်းကျန့်ကတအားရှက်တတ်တာပါဆိုနေ ။ နေမကောင်းတုန်းက ဝမ်ရိပေါ်လာပြတဲ့websiteကကားသစ်တွေကို ပျင်းပျင်းနဲ့ထိုင်ကြည့်လိုက်သေး ။ ဘာကားတွေလဲလာမမေးနဲ့ ။ ပြောပြရမှာရှောင်းကျန့်ရှက်တယ် ။ အခုလည်းကုတင်ပေါ်မှာထိုင်ပြီးဖုန်းသုံးနေတဲ့ ဝမ်ရိပေါ်ကအောက်ခံဘောင်းဘီတစ်ထည်တည်းရယ် ။ သွားကြီးစိပြီးcolgateပြုံးကြီးပြုံးပြတော့ ရှောင်းကျန့်ရေမရှိတဲ့ချောင်းထဲနှာခေါင်းနှစ် ၊ စက္ကူဓားနဲ့လက်ကောက်ဝတ်ကို တစ်ရစ်ချင်းလှီးပစ်လိုက်ချင်တော့တာပဲ ။

"ဘာရပ်ကြည့်နေတာလဲ ကိုယ်တအားချောလို့လား"

ရှောင်းကျန့်ကခေါင်းကိုနှစ်ချက်ခန့်ရမ်းလိုက်ပြီး စားပွဲပေါ်ကန့်လန့်ပစ်တင်ထားတဲ့ ဟူဒီနဲ့ပစ်ပေါက်လိုက်တယ် ။

"အိုး...အချစ်စမ်းတယ်ပေါ့...ကိုယ်ပြန်စမ်းမှမအော်နဲ့နော်"

"ဝမ်ရိပေါ်!!"

"ဗျာ~~~"

"အား...မင်းတကယ်ကိုနော်"

"ရင်ခွင်ထဲအလည်လာပါဦး...ဖက်ချင်လို့"

My Youth Is YoursWhere stories live. Discover now