{ Unicode }
အလယ်တန်းနောက်ဆုံးနှစ်ရဲ့နောက်ဆုံးစာမေးပွဲကြီးနီးလာတော့ ရှောင်းကျန့်ရော၀မ်ရိပေါ်ရောအရင်လို စနောက်ပျော်မြူးပြီးအချိန်ဖြုန်းလို့မရတော့ပေ။တစ်ယောက်အိမ်တစ်ယောက်လှည့်ပတ်အိပ်ရင်း စာတူတူလုပ်ရသည်။တွက်စာတွေသိပ်မပိုင်နိုင်တဲ့ရှောင်းကျန့်ကို ၀မ်ရိပေါ်ကဒိုင်ခံရှင်းပြရသည်။စာမေးပွဲနီးလာလေ ညဥ့်နက်တဲ့အထိစာလုပ်ရလေဖြစ်လာတော့ အိပ်ချိန်ကိုပါလုလာရတယ်။၀မ်ရိပေါ်ကစာတွေပိုင်သလောက်ဖြစ်နေပေမဲ့ ရှောင်းကျန့်ကတော်တော်လုပ်ယူရဦးမယ်။
"ရှောင်းကျန့်"
"...."
"ရှောင်းကျန့်"
"...."
ဆရာမစာရှင်းနေတာကို စာအုပ်ကွယ်ပြီးငိုက်မြည်းနေတဲ့ရှောင်းကျန့်ကို ၀မ်ရိပေါ်ကအနားနားကပ်လို့ လေသံတိုးတိုးနဲ့ခေါ်တယ်။
"xနဲ့y ကတစ်ဖက်ကိုရောက်သွားလည်း ဒီပုစ္ဆာမှာတန်ဖိုးပြောင်းလဲခြင်းမရှိဘူး"
ရှေ့မှာဆရာမကလည်းအားတက်သရောရှင်းပြနေတယ်။ရှောင်းကျန့်ကလည်းငိုက်ကောင်းနေဆဲ။။
"ရှောင်းကျန့်!!"
လေသံကြိတ်ကြိတ်နဲ့အတူ ရှောင်းကျန့်ကွယ်ထားတဲ့စာအုပ်အနောက်ကို၀မ်ရိပေါ်ကခေါင်းတိုး၀င်ပြီးနှိုးပြန်တယ်။
"ကျောင်းသား၀မ်ရိပေါ်နဲ့ရှောင်ရှောင်းကျန့်!"
စာအုပ်ကွယ်ပြီးခေါင်းချင်းဆိုင်နေတော့ဆရာမကသတိထားမိသွားပြီးခေါ်တော့တယ်။
"ဗျာ..ဗျာ..ဟုတ်!!"
အိပ်ချင်မူးတူးနဲ့ကယောင်ကတမ်းတွေထအော်ပြီးမတ်တပ်ထရပ်တဲ့ရှောင်းကျန့်ကိုကြည့်ပြိီးကျောင်းသားတွေကလှောင်ရီတယ်။
"ရှောင်းကျန့်..အိပ်လို့ကောင်းလား...ဟားဟား"
အနောက်တန်းကနေအသံနက်ကြီးနဲ့ထအော်တဲ့ဟောက်ရွှမ်းကို၀မ်ရိပေါ်ကနဂါးမျက်စောင်းနဲ့တစ်ချက်လှမ်းကြည့်တယ်။မျက်ခုံးလေးပင့်၊လက်လေးပိုက်ပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ပြကာ ခေါင်းငြိမ့်ပြတာက ၀မ်ရိပေါ်ကိုထေ့တာ။။

YOU ARE READING
My Youth Is Yours
FanfictionYizhan "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သောအထာရန်ဂျစ်ဂျ။ ဝေအိဖော်ကနှထန်းနဲ့ချ ဂျောင်ဂျောင်းဂျန့်ယဲ့မက်နာဝယ် ချတွေးကွက်တွေကကွယ် ဘယ်ကရတလဲဆိုရင်တော့...ဝေအိဖော်မွမွလုပ်လို့ပေါ့...ခ်ခ်.." "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သေ...