Ch-23

5.4K 634 46
                                    

{ Unicode }

ကိတ်ဖုတ်ဖို့အတွက် ပြင်ဆင်နေတဲ့ လူနှစ်ယောက်ရယ်၊စားပွဲမှာထိုင်ပြီး ထိုနှစ်ယောက်ကိုကြည့်နေတဲ့လူနှစ်ယောက်ရယ်။

"ကိုကြီးကတော်လိုက်တာ"

"အဲ့လောက်လည်းမဟုတ်ပါဘူးကွာ"

"တကယ်ပြောတာ..ကိတ်မုန့်လေးကိုမြည်းကြည့်ချင်လာပြီ"

အကိုကြီး‌ဆိုသူနားကပ်ရင်း တဟီးဟီးရယ်နေတဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်လက်သီးကိုသာကျစ်နေအောင်ဆုပ်ထားမိသည်။

"ကျန့်လေးစမ်းလုပ်ကြည့်ချင်လား...ကိုကြီးသင်ပေးမယ်လေ"

"ကိုကြီးတကယ်ပြောတာလား"

ရှောင်းကျန့်ရဲ့ချစ်စဖွယ်အမေးလေးကို‌ရှန်းစစ်ကဂျုံနယ်ထားတဲ့လက်တွေနဲ့နှာခေါင်းလေးကိုဆွဲညှစ်ရင်းဖြေသည်။

"တကယ်ပေါ့ကွ"

"ဒုန်း!!"

စကားပြောနေရင်းစားပွဲပေါ်ကိုတစ်ခုခုနဲ့ဆောင့်ချလိုက်တဲ့အသံကိုကြားလိုက်ရတယ်။ရှန်းစစ်ကတောင်လှည့်ကြည့်လိုက်မိပေမဲ့ ရှောင်းကျန့်ကတော့ဂျုံဖြူဖြူတွေပေါ်ပဲအာရုံရောက်နေလေတယ်။

"ကျစ်"

ရှောင်းကျန့်ကသူ့ကိုအရေးလုံးဝမစိုက်တော့တဲ့အခါ ဝမ်ရိပေါ်တကယ်ကိုဒေါသထွက်နေပြီဖြစ်တယ်။ဝမ်ရိပေါ့်အရှေ့မှာထိုင်နေတဲ့မမက အကဲခတ်မိတာကြောင့် မဝံ့မရဲလေးစကားစလာတယ်။

"ရိပေါ်..ဘာဖြစ်လို့လဲ"

"ဘာ..ဘာမှမဖြစ်ပါဘူး"

အခုချိန်မှာဝမ်ရိပေါ်ကဘယ်သူနဲ့မှစကားပြောချင်စိတ်ရှိပုံမရဘူး။စကားလာပြောနေတဲ့မမကိုမျက်နှာလွှဲလို့ ဟိုနှစ်ယောက်ရှိရာဆီ မမှိတ်မသုန်စိုက်ကြည့်နေမိတော့တာပဲ။

"ဘေးဖယ်....ကိုကြီးလုပ်မယ်..ကျန့်လေးလက်အပူလောင်ကုန်မယ်"

Ovenထဲကိတ်သွင်းတာတောင် ရှောင်းကျန့်လက်ပူမယ်‌ဆိုပြီး အတင်းကာရောအသားတွေယူနေတဲ့လူကို ဝမ်ရိပေါ်ပိတ်ထိုးချင်လာသည်။

ဆက်ကြည့်နေရင်တကယ်ဆွဲထိုးမိတော့မှာမို့ မျက်နှာလွှဲလိုက်တော့ သူ့ကိုစိုက်ကြည့်နေတဲ့မမနဲ့တိုးတယ်။ရှောင်းကျန့်ကိုတစ်လှည့်၊မမကိုတစ်လှည့်ကြည့်လို့အပြီးမှာတော့......

My Youth Is YoursWhere stories live. Discover now