Ch-11

4.6K 647 31
                                    

{ Unicode }

လက်နှစ်ဖက်ကိုပေါင်ကြားထဲညှပ်ရင်း ခုန်စွခုန်စွနဲ့တံခါးကိုအသည်းအသန်ထုနေပါသည်။ရှုံ့တွနေတဲ့မျက်နှာချောချောက သည်းခံခြင်းတရားဟာအဆုံးစွန်ထိရောက်နေပြီဖြစ်ကြောင်းဖော်ပြတယ်။

"မြန်မြန်လုပ်..ရှောင်းကျန့်"

"ခနလေး!!"

သန့်စင်ခန်းထဲကနေပြန်ထွက်လာတဲ့အော်သံကြောင့် ၀မ်ရိပေါ်လေပူတွေမှုတ်ထုတ်လိုက်ပြီး လက်ကိုခါရမ်းကာ ခုန်နေလိုက်တယ်။
အောက်ပိုင်းကတင်းကြပ်နေတာ ပေါက်ကွဲထွက်တော့မယ့်အတိုင်းပဲ။အောင့်ပါအောင့်လာပြီ။ရှောင်းကျန့်ကလည်းအခုထိမပြီးသေးဘူး။အောက်ထပ်က သန့်စင်ခန်းဆီပဲပြေးရမလားဘဲ။

"ရှောင်းကျန့်...ငါမရတော့ဘူး"

"ခနလေးပါဆို..ငါပြီးတော့မယ်..အမယ်လေး"

"ဘာဖြစ်တာလဲ!!"

သန့်စင်ခန်းထဲကထွက်လာတဲ့အာမေဋိတ်သံကြောင့် ၀မ်ရိပေါ်ခမျာပြာပြာသလဲ။။

"ရှောင်းကျန့်..ဘာဖြစ်တာလဲ..အဆင်ပြေရဲ့လား"

"ဘာမှမဖြစ်ဘူး...ဇစ်ညပ်သွားလို့"

ပြန်ထွက်လာတဲ့အသံကညှောင်နာနာရယ်။ဇစ်ညပ်သွားတယ်ဆိုပဲ။ဘယ်နေရာကိုများညပ်သွားပါလိမ့်။၀မ်ရိပေါ်တော့တွေးရင်းကြက်သီးတွေဖြန်းခနဲထလာသည်။

"ဘာမှမဖြစ်ဘူးဆိုလည်းထွက်ခဲ့တော့..ငါမခံနိုင်တော့ဘူး...ပေါက်ချလိုက်ရမှာလား"

"ပြီးပြီ..ပြီးပြီ..ပေါက်တော့မချနဲ့"

သန့်စင်ခန်းထဲကနေရှောင်းကျန့်ထွက်လာမှဘဲ ၀မ်ရိပေါ်က ကမန်းကတန်းပြေး၀င်တယ်။
ဘယ်လောက်အောင်ပေါက်ချင်နေလဲမသိ ရှောင်းကျန့်ကိုပါတွန်းထုတ်သွားတာများ လဲမကျတာကံကောင်း။။အော်...ဒါနဲ့အခုကတစ်ယောက်တစ်လှည့်သေး၀င်ပေါက်နေတာနော်။တစ်မျိုးတွေထင်နေကြမှာစိုးလို့။သားတို့ကသူငယ်ဂျင်းတွေပါ..ရိုးရိုးပဲတွေးပေးတာပိုကောင်းပါတယ်။

စာလုပ်ရမှာကိုမလုပ်ဘဲဖုန်းကောက်ကိုင်တယ်။ကုတင်ပေါ်ထိုင်ရင်းဖုန်းသုံးနေတုန်း မျက်လုံးထောင့်ကနေမြင်ရတဲ့ ၀မ်ရိပေါ့်လွယ်အိတ်ထဲကတစ်စွန်းတစ်စပေါ်နေတဲ့ Laptopလေးဆီအာရုံရောက်တယ်။

My Youth Is YoursWhere stories live. Discover now