Ch-20

4.5K 602 19
                                    

{ Unicode }

သူငယ်ဂျင်းကိုတအားချစ်မိလာရင် နမ်းချင်တာပုံမှန်ပါပဲမလား။
ဒါကိုဘာလို့ ရှောင်းကျန့်အဖွားကမျက်လုံးကြီးပြူးပြီး ဝမ်ရိပေါ်ကိုကြည့်နေပါလိမ့်။

"မင်း.."

ရှောင်းကျန့်ကလည်းပါးကြီးကို အုပ်ကိုင်ပြီး
တမင်းမင်းနဲ့။ မျက်နှာကြီးလည်းနီရဲလို့။

"အော် ကျန့်ကျန့်ရေ...ဒီကလေးရှက်သွားတယ်ထင်တယ်"

အိမ်ပေါ်ကိုလှစ်ခနဲပြေးတက်သွားတဲ့ ရှောင်းကျန့်ကို ရှောင်းဖွားဖွားကအော်ခေါ်တယ်။
ဝမ်ရိပေါ်ကကြောင်ပြီးကြည့်လို့ကောင်းတုန်း။

"ဖွားဖွား"

"ဟေ"

"ကျွန်တော်အမှားလုပ်မိလို့လား"

"အယ်...ဖွားလည်းဘယ်သိပါ့မလဲ"

ခေါင်းကိုတဗြင်းဗြင်းကုတ်ရင်း အပေါ်ထပ်ကိုလှမ်းကြည့်တဲ့ ဝမ်ရိပေါ်အား ရှောင်းဖွားဖွားကအကဲခတ်တယ်။

"ကျန့်ကျန့်ကိုဒီလိုပဲလုပ်နေကြလား"

"ဗျာ...ဟုတ်"

ရှောင်းဖွားဖွားကပြုံးစိစိနဲ့ဘာမှဆက်မမေးတော့ဘဲ ခေါင်းလေးတစ်ငြိမ့်ငြိမ့်။

ကြားထဲကဝမ်ရိပေါ်သာ အူကြောင်ကြားဖြစ်ရတာပါပဲ။

ဖြစ်ပုံကဒီလို....
ဝမ်ရိပေါ်ကရိုးရာမပျက် ရှောင်းကျန့်ရုန်း‌နေတဲ့ကြားကနေချုပ်ပြီး အတင်းဖက်နမ်းနေတုန်း ရှောင်းဖွားဖွားက လက်ဖက်ရည်အိုးကြီးကိုင်ပြီး သူတို့နားရောက်ချလာတယ်။‌ဝမ်ရိပေါ်ကချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြီးသွားပေမဲ့ ရှောင်းကျန့်ကတော့ မျက်နှာကြီးရဲတွတ်ပြီး ရှောင်းဖွားဖွားကိုတောင်စေ့စေ့မကြည့်ရဲတော့တာပဲ။

"သား လိုက်သွားဦးမယ်ဖွား"

"အေးအေး..သွား"

ဖွားဖွားကိုခွင့်တောင်းပြီးအပေါ်ကိုတက်လာလိုက်တော့ သူနဲ့ရှောင်းကျန့်အခန်းတံခါးကဖွင့်လျက်သားကြီး။ အထဲဝင်တော့ ကုတင်ပေါ်မှာ စောင်ကြီးခေါင်းမြှီးခြုံပြီးလှဲနေတဲ့ ရှောင်းကျန့်ကိုမြင်ရတယ်။

My Youth Is YoursWhere stories live. Discover now