Ch-33

3.7K 573 46
                                    

{ Unicode }

မိုးတွေရွာနေတယ်... ရင်ထဲမှာရောအပြင်မှာရော... ‌!

စီးကရက်တစ်လိပ်ကိုဖွာရှိုက်လိုက်ရင်း ပြူတင်းအပြင်ဘက်ကိုငေးကြည့်မိတော့ ရင်ထဲကဆွေးဆွေးမြေ့မြေ့ပဲ ။ လက်ချောင်းကြားညှပ်ထားတဲ့ စီးကရက်လေးကတစ်ဝက်ခန့်ကျိုးနေပြီး ဒါနဲ့ပါဆို သုံးလိပ်မြောက် ။ စီးကရက်နံ့ကြီးစိုးနေတဲ့အခန်းငယ်လေးထဲမှာ ခပ်ကျုံ့ကျုံ့ထိုင်လို့ဓာတ်ပုံငယ်ကိုဘေးနားချထားတယ် ။ မှန်ကွဲနေတဲ့ဖုန်းလေးကစိတ်ဆိုးသောင်းကျန်းထားခြင်းရဲ့ ဓားစာခံလေး ။ မိုးသံတွေကဆူညံနေတယ် ။ ဂျိမ်းခနဲအသံနဲ့အတူ အလင်းတန်းတစ်ချို့တောက်ပလာတိုင်း မျက်လုံးလေးတွေဝိုင်းလို့ သေချာလိုက်ကြည့်တတ်တယ် ။ မိုးရေစက်တွေကိုရေတွက်နေပုံရတဲ့ ဆေးလိပ်သမားလေးက ပိန်သေးလေးဖြစ်သွားတယ် ။ ရေငွေ့ထင်ဟပ်တဲ့မှန်ပြူတင်းမှာ လက်ညိုးလေးနဲ့ရေးခြစ်တယ် ။

* 1006 *

ရက်ပေါင်းတစ်ထောင်ကျော်...အချိန်ကာလအားဖြင့် သုံးနှစ်ကျော် ။ အဆက်သွယ်ဆိုတာဘာမှန်းမသိ ။ အဆင်ပြေနေတယ်လို့ပြန်ကြားရပေမဲ့ ငါကိုယ်တိုင်မှတွေ့ခွင့်မရှိတာ ။ ငါနဲ့စကားမပြောချင်ဘူးဆိုပဲ ။ ငါမယုံဘူး ။ မင်းကငါနဲ့မပြောချင်ဘူးဆိုတာ ငါမယုံဘူး ။ ငါအခုဆေးလိပ်သောက်တတ်နေပြီ ။ အထက်တန်းပြီးလို့ တက္ကသိုလ်တက်ဖို့တောင်ပြင်ဆင်နေခဲ့ပြီ ။ မင်းတစ်ယောက်ကတော့ ရေမြေခြားမှာအခြေချပြီး ပျော်နေမလားငါမသိဘူး ။ ငါကတော့အမြဲတစ်ခုခုလစ်လပ်နေသလိုခံစားရလို့ အဆင်မပြေဘူး ဝမ်ရိပေါ်!!

ထပ်မံဖွာရှိုက်ဖို့ကြိုးစားပေမဲ့ အခန်းတံခါးလာခေါက်သံကြောင့် ဆေးလိပ်လေးကိုဖိသတ်လိုက်ပြီး အခန်းထဲမှာရေမွှေးအမြန်လှည့်ပတ်ဖြန်းလိုက်တယ် ။ ငဆိုးလေးရှောင်းကျန့်က ဆေးလိပ်ခိုးသောက်နေတာဖြစ်ပြီး လွန်ခဲ့တဲ့သုံးနှစ်က အဖြေရပြီးတာနဲ့ ဘာမပြောညာမပြော ကိုရီးယားထွက်သွားတဲ့ ဝမ်ရိပေါ်ကိုလွမ်းနေတာဖြစ်ပါတယ် ။

"အားကျန့်...အောက်ခဏဆင်းခဲ့ဦး"

"ဘာဖြစ်လို့လဲမား"

"ခဏလာခဲ့ပါ..."

မားမားကဆက်ဆက်လာဖို့ပြောပြီး အောက်ပြန်ဆင်းသွားတယ် ။ မားမားနောက်လိုက်သွားတဲ့ရှောင်းကျန့်ရဲ့ မှန်ကွဲနေတဲ့ဖုန်းလေးဆီကို စာတစ်စောင်ဝင်လာတာတော့မသိလိုက်ပါပေ ။

My Youth Is YoursWhere stories live. Discover now