Ch-6

5.5K 717 29
                                    

{ Unicode }

အမေ့အကြိုက်ချဥ်ပြုံးပြုံးဆိုရင်...
၀မ်ရိပေါ့်အကြိုက် ရှောင်းကျန့်ကိုယ်တုံးလုံးလို့ပြောရမလားဘဲ။
ဟုတ်တယ်...ရှောင်းကျန့်ကကိုယ်တုံးလုံးလေးဆိုပိုချစ်ဖို့ကောင်းတာ။လွန်ခဲ့တဲ့နှစ်နှစ်လောက်ကအထိ ရှောင်းကျန့်ရဲ့အ၀တ်ဗလာပုံကိုမကြာခနမြင်ရပေမဲ့ အခုနောက်ပိုင်းအသက်နည်းနည်းကြီးလာတော့ ရှောင်းကျန့်ကအနေအထိုင်ဆင်ခြင်လာတယ်။တော်ရုံဆို၀မ်ရိပေါ်ရှေ့မှာဘောင်းဘီတောင်မလဲတော့ဘူး။မလဲရတဲ့အကြောင်းရင်းကိုတော့ရှောင်းကျန့်သာသိပေလိမ့်မယ်။

"၀မ်ရိပေါ်...တဘက်ကမ်းပေးဦး"

ရေချိုးခန်းတံခါးဘေးမှာနံရံကိုမှီပြီးရပ်နေတဲ့ရိပေါ်မြင်ရတာက ရှောင်းကျန့်ရဲ့အ၀တ်လှမ်းတောင်းနေတဲ့ ရေချိုးခန်းထဲကထွက်လာသော လက်တစ်ဖက်။လက်ဖြူဖြူလေးမှာရေစက်လေးတွေတွဲလဲခိုနေတာများ အူယားစရာ။ ကြက်ဥသေးသေးလေးတွေထွက်နေတဲ့ လက်မောင်းလေးကို တစ်ချက်ကယ်မျှအားပါးတရကိုက်လိုက်ရရင်ဖြင့် ၀မ်ရိပေါ်လူဖြစ်ကျိုးနပ်လေငဲ့။

"ရိပေါ်..မင်းမရှိဘူးလား"

အတော်ကြာတဲ့အထိတဘက်ကမ်းလင့်မလာတဲ့၀မ်ရိပေါ်ကြောင့် ရှောင်းကျန့်ကထပ်မံအသံပြုတယ်။

"ရိပေါ်"

အသံတိတ်အနေအထားနဲ့ရှောင်းကျန့်လက်ကိုခဲဖို့ကြံနေတဲ့ ခွေးပေါက်၀မ်ရိပေါ်ကိုတော့မည်သူမျှသတိထားမိမယ်မထင်။ဘာလို့ဆို အခန်းထဲမှာ သူတို့နှစ်ယောက်ပဲရှိသည်ကိုး။၀မ်ပါးပါး၀ယ်လာတဲ့ ဆူရှီတွေကို၀ါဆာဘီနဲ့တပိုးနင့်အောင်စားလို့အပြီးမှာတော့ အီလည်လည်ကြီးဖြစ်သွားလို့ ၀မ်ရိပေါ်ဆီမှာဘဲအိပ်တော့မယ်လို့ရှောင်းအိမ်ကိုဖုန်းဆက်ပြောလေရဲ့။

ရေချိုးတိုင်းတဘက်ကမ်းပေးရတဲ့ရိပေါ်က ထုံးစံအတိုင်း တဘက်ကိုပုခုံးမှာတင်လို့ ရေချိုးခန်းရှေ့မှာစောင့်တယ်။အခုလည်းရှောင်းကျန့်တဘက်တောင်းနေတာသိပေမဲ့ တမင်မပေးဘဲနေနေတာ။

"ရိပေါ်မရှိဘူးထင်တယ်"

တစ်ယောက်တည်းရေရွတ်လို့ ရေချိုးခန်းအ၀ကနေခေါင်းလေးပြူထွက်လာတယ်။ဘယ်ညာလှည့်ကြည့်တော့မှ မတည်မပြုံးကြီးစိုက်ကြည့်နေတဲ့၀မ်ရိပေါ်ကိုတွေ့တယ်။

My Youth Is YoursWhere stories live. Discover now