Final ⚠

6.8K 513 25
                                    

{ Unicode }

အဖြူရောင်လွှမ်းတဲ့မဂ်လာစင်မြင့်ကြီးကထီးထီးကြီးနေရာယူတယ် ။ ‌လူနည်းစုသာရှိတဲ့ဧည့်သည်အချို့နဲ့ နှစ်ဖက်မိဘတွေကပြုံးလို့ရွှင်လို့ ။ သတို့သားနှစ်ယောက်ကတော့ဖြင့် ညကြီးသန်းခေါင်ခိုးတွေ့ပြီး အိပ်ယာထနောက်ကျတာမို့ အခုမှ makeup room ထဲမှာအသည်းသန်ပြင်တုန်းဆင်တုန်း ။

အခန်းခွဲထားတာမို့ ဝမ်ရိပေါ်မှာဖင်တကြွကြွ ။ Powder သိပ်ပေးနေတဲ့ ဆရာမလေးတောင် အမြင်ကတ်လာတဲ့အထိ ။

"ပြီးပြီလား..ကျွန်တော်သွားတော့မယ်"

"ခဏနေပါဦးရှင်...အ‌ဆုံးသတ်ပါရစေဦး"

"ကြာတယ်..မြန်မြန်လုပ်!!"

"ဟုတ်..ဟုတ်ကဲ့ပါရှင်"

ခပ်မာမာပြောဆိုနေတဲ့သတို့သားကိုစေတနာတကယ်မရှိတော့ ။ သူ့လင်အလောင်းလျာကဘယ်ထွက်ပြေးမှာမို့ လောနေမှန်းမသိ ။

"ပြီးပါ..."

"ဒုန်း!!"

စကားတောင်ဆုံးတောင်မပြောလိုက်ရ ဟိုဘက်အခန်းထဲ သုတ်သုတ် သုတ်သုတ် နဲ့ပြေးထွက်သွားတဲ့သတို့သားကြောင့် ဆရာမလေးကမနိုင်ဟန်လေးပြုံးမိတယ် ။ လက်ထပ်ပွဲတွေမှာလိုက်ပြင်ဆင်ပေးရင်း အပျော်တွေကူးစက်ရပေမဲ့ သူကိုယ်တိုင်ကရော ဘယ်နေ့ရောက်မှဒီလိုပျော်ရမှာလဲ ။ တစ်သက်လုံးသူများတွေကိုပဲထိုင်ကြည့်နေရတော့မှာလား ။ ဒါမှမဟုတ် ဖူးစာရှင်ကမမွေးသေးလို့များလား..!

ဟိုဘက်အခန်းကိုအမြန်ပြေးထွက်လာတဲ့ဝမ်ရိပေါ်က အခန်းရှေ့ရောက်မှ မဂ်လာဝတ်စုံကိုတစ်ချက်ပြင်လို့ အခန်းထဲအေးဆေးဝင်တယ် ။ အခန်းထဲမှာမျက်လုံးလေးမှိတ်ရင်း ပြင်ဆင်ချယ်သနေတဲ့သတို့သားလေးကိုတွေ့တော့ နှုတ်ခမ်းကအလိုလိုပြုံးလာရော...။ ထွေထွေထူးထူးပြင်စရာမရှိပေမဲ့ မရှိတဲ့နည်းနည်းလေးနဲ့တင် မဟားတရားပိုးစိုးပက်စက်တွေချောနေတဲ့သတို့သားလေးကို မျက်တောင်မခတ်တမ်းကြည့်မိတယ် ။ ချောလိုက်တာ...ငါ့ယောက်ျားလေးက!!

ဝမ်ရိပေါ်ကိုမြင်တော့မျက်လုံးလေးပြူးရင်းကြည့်တယ် ။

"ဘယ်တုန်းကရောက်တာ"

My Youth Is YoursWhere stories live. Discover now