Ch-32

3.7K 547 24
                                    

{ Unicode }

လူတွေရှုပ်ရှက်ခတ်နေတဲ့ ညဈေး ။ ရောင်စုံမီးလုံးတွေ ထိန်ထိန်လင်းတဲ့ညဈေး ။ ရှက်ပြုံးလေးတစ်ခုရှိမယ် ။ လက်ချောင်းချင်းယှက်သွယ်ထားတဲ့ လက်နှစ်ဖက်ရှိမယ် ။ ပုခုံးကနေဆွဲဖက်လို့ ရင်ခွင်ထဲနစ်နေအောင်ဖက်ထားလိုက်ချင်သော်လည်း မနည်းမနောလူအုပ်ကြီးရဲ့ကြားမှာမို့ အောင့်အီးသည်းခံလိုက်ရသည် ။ အနက်ရောင်ဟူဒီနဲ့အနက်ရောင်ဘောင်းဘီအပွကို လွယ်လွယ်ပဲဆွဲထုတ်ဝတ်ဆင်ခဲ့ပေမဲ့ ဝမ်ရိပေါ်ရဲ့ချောမောခန့်ညားမှုတွေကငုပ်လျှိုးမသွား ။ ဖုန်းသုံးရင်းလမ်းလျှောက်နေတဲ့ ဝမ်ရိပေါ်ကရှောင်းကျန့်လက်ကလေးကို မြဲနေအောင်ဆုပ်ကိုင်ထားပါသည် ။ ငါ့ဘဝရဲ့တစ်ခုတည်းသော ကာကွယ်စရာ ။ လက်မောင်းနှစ်ဖက်ကြား မြုပ်နေအောင်ဖက်လို့ ဖွက်ထားချင်စရာဟာ ရှောင်းကျန့်တစ်ယောက်သာရှိကြောင်းလည်း ပြချင်သေးသည် ။ ဝမ်ရိပေါ်ဆွဲခေါ်တဲ့နောက် ဟိုကြည့်သည်ကြည့်နဲ့ ရှောင်းကျန့်ကငြိမ်ငြိမ်လေးလိုက်လာသည် ။
ဝမ်ရိပေါ်တစ်ချက်ငဲ့ကြည့်လိုက်တော့....

"မင်းဘယ်သူ့ကိုကြည့်နေတာလဲ"

"အမ်...မကြည့်ပါဘူး"

"ကြည့်နေပါတယ်...ဟိုကောင်မလေးကိုကြည့်နေတာမဟုတ်ဘူးလား"

ဝမ်ရိပေါ်လက်ညိုးညွှန်ပြတဲ့ကောင်မလေးက ရှောင်းကျန့်တို့နဲ့ခပ်လှမ်းလှမ်းကိုတောင်ရောက်နေပြီ ။

"သူ့ကိုကြည့်တာမဟုတ်ဘူး...ဟိုကိုကြည့်တာ"

မလှမ်းမကမ်းမှာရှိနေတာက အသားကင်တွေရောင်းတဲ့ဆိုင် ။ ပူပူနွေးနွေးပေါက်စီတွေကလည်း အငွေ့တစ်ထောင်းထောင်းနဲ့ခင်းကျင်းပြထားသေးသည် ။ ရွှေရောင်သမ်းပြီးကြွပ်ရွနေမဲ့ ဖက်ထုပ်ကြော်လေးတွေကလည်း ဆီဝနေလို့ ဝါဝါဝင်းဝင်းနဲ့ ။ ရှောင်းကျန့်တံတွေးမြိုချမိတာ မဆန်းပေ ။ ညဈေးလာတာ စားဖို့သောက်ဖို့ ။ ဒါကိုဝမ်ရိပေါ်ကြီးကဖုန်းပဲကြည့်ပြီး လျှောက်သွားနေတယ် ။

"အာ...စားချင်လို့လား"

"မဟုတ်ဘူးဟေ့...အာချောင်ပြီးပြတာ!!"

စိတ်မရှည်စွာအော်ချလိုက်တိုင်း ဝမ်ရိပေါ်ကြီးကပြုံးစိစိလုပ်တော့တာပါပဲ ။

My Youth Is YoursWhere stories live. Discover now