Ch-17

4.6K 603 22
                                    

{ Unicode }

တရိပ်ရိပ်ဖြတ်ပြေးနေတဲ့ အရိပ်တွေနဲ့အတူ အသံတွေကလည်းတိတ်လို့ဆိတ်လို့။
မျက်မှောင်ကြီးကုပ်ရင်း ၀မ်ရိပေါ်ကိုမျက်နှာလွှဲထားတဲ့ ရှောင်းကျန့်ကမျက်လုံးတွေနီနေတယ်။ဘေးကနေဘာလုပ်လို့လုပ်ရမှန်းမသိဘဲ ရှောင်းကျန့်ကိုအကဲခတ်နေတဲ့ ၀မ်ရိပေါ်ကလည်းကားပေါ်ကနေခုန်ဆင်းရတော့မလိုလို။ရင်ဘတ်ထဲကတောင်အောင့်သွားသလိုပဲ။သူရှိတဲ့နေရာဆီအရဲစွန့်ပြီးလိုက်လာပါတယ်ဆိုမှ သူကစိတ်ဆိုးပြီးမခေါ်မပြောနဲ့။အဟင့်..ဘေးအိမ်ကအဒေါ်ကြီး၀မ်ငိုပါပြီ။ရှောင်းထွန်းထွန်းမကောင်းဘူး!!

"အဲ့တာဘာဖြစ်နေတာလဲ"

၀မ်ရိပေါ်အသံတိတ်နေလို့လှည့်ကြည့်မိတော့ ရှောင်းကျန့်အားငိုမဲ့မဲ့ရုပ်နဲ့ကြည့်နေလေသည်။

"မင်းကငါ့ကိုမှမခေါ်တာကိုးလို့"

အသံတိုးတိုးလေးနဲ့အကျီစလေးကိုလက်နဲ့ဆုတ်ချေရင်းကလေးလိုလုပ်နေတဲ့ ၀မ်ရိပေါ်ကရှောင်းကျန့်မျက်လုံးထဲမှာ တစ်စက်ကလေးမှချစ်ဖို့မကောင်း။လုပ်ချင်တာလုပ်ပြီးတိုင်း သူမဟုတ်သလိုလုပ်တာကို ရင်အနာဆုံး။မသိရင် ရှောင်းကျန့်ကပဲလဇို့ကောင်ကြီးကိုဖြစ်လို့။။

"ခနနေရင်ရောက်တော့မယ်..ငါ့အဖွားကစည်းကမ်းကြီးတယ်..ငါ့နားမှာပဲနေ!"

စူစူအောင့်အောင့်နဲ့ပဲပြောတဲ့ရှောင်းကျန့်က၀မ်ရိပေါ်ကိုစိတ်ဆိုးမပြေသေးပါပေ။စိတ်ပူပြီးမျက်လုံးတွေအစ်နေအောင် ငိုထားတာမဟုတ်ပါလား။၀မ်ရိပေါ်အားလွယ်လွယ်နဲ့စိတ်ပြန်မပြေချင်ပါ။

"ဟုတ်"

ပက်ချွဲနွဲ့ချွဲအသံနဲ့တမင်ကိုပြန်ဖြေတဲ့အသံကြောင့် ရှောင်းကျန့်ကမျက်လုံးကြီးပြူးပြီးအံကြိတ်ပြတယ်။၀မ်ရိပေါ်တစ်ယောက်ဇက်ကလေးကိုပုလို့....။

ဆိတ်ငြိမ်ရပ်ကွက်တစ်ခုထဲကိုကား၀င်လာပြီးမကြာလိုက် ခြံတံခါးအနီရောင်ကြီးရှေ့မှာကားထိုးရပ်တယ်။

"ရောက်ပြီအားကျန့်နဲ့ဒီဘက်ကကောင်လေး"

ကားမောင်းသူဦးလေးကြီးကနောက်ခန်းဘက်လှည့်ကာစကားဆိုတော့ ရှောင်းကျန့်ကထိုဦးလေးကြီးအားတစ်ချက်ရီပြပြီး ၀မ်ရိပေါ်ကိုတော့ မျက်စောင်းကြီးထိုးလို့ လက်ကနေဆောင့်ဆွဲတယ်။

My Youth Is YoursWhere stories live. Discover now