Ch-10

6K 724 38
                                    

{ Unicode }

ခြစ်ခြစ်တောက်ပူနေတဲ့နေလုံးကြီးကိုအန်တုပြီး ၀မ်ရိပေါ်တစ်ယောက် ပြေးလွှားနေပါတယ်။ချွေးဒီးဒီးကျနေလည်းမမှု၊အမြန်ဆုံးသောနှုန်းနဲ့ကွင်းတစ်ပတ်ပြီးတစ်ပတ်ပြေးနေပြီး ရှောင်းကျန့်ကတော့ပွဲကြည့်စင်ကနေထိုင်ကာ အချိန်မှတ်နေလေသည်။

"တစ်မိနစ်နဲ့၃၇စက္ကန့်!!"

ဒုတိယမြောက်စည်းကိုဖြတ်တော့ရှောင်းကျန့်ကနာရီခွက်လေးထဲမှာပေါ်နေတဲ့ နာပါတ်ဂဏန်းအချို့ကိုအော်ပြောလိုက်သည်။

ပြေးနေရင်းနဲ့မှအရှိန်ကိုဖြေးဖြေးချင်းလျော့လိုက်ပြီး၀မ်ရိပေါ်ကအမောဖြေတယ်။

"နားပြီးမှသောက်"

အနားကိုအပြေးလေးရောက်လာတဲ့ရှောင်းကျန့်ကရေဘူးကမ်းပေးတယ်။

"ဖွင့်ပေး"

ကမ်းပေးတဲ့ရေဘူးကိုမယူဘဲဖွင့်ခိုင်းတော့ ရှောင်းကျန့်ကcomplainတက်ချင်ပေမဲ့ မျက်ခုံးလေးပဲပင့်လိုက်ရင်း ဖွင့်ပေးတယ်။

"ရှောင်းကျန့်"

"အင်း"

ပါကင်ပိတ်ထားတဲ့ပလတ်စတစ်အခွံလေးကိုချွတ်ပြီးအဖုံးဖွင့်နေတဲ့ရှောင်းကျန့်ကို ၀မ်ရိပေါ်ကနူးနူးညံ့ညံ့လေးကြည့်နေတယ်။

"ဒီညnight outထွက်ရအောင်"

"ဟမ်"

ပြူးတိပြူးကြောင်မျက်လုံးလေးတွေနဲ့အကြည့်ရှိလာတဲ့ရှောင်းကျန့်ပါးကို၀မ်ရိပေါ်ကဆွဲညှစ်တယ်။

"ပြူးကြည့်မနေနဲ့...ချစ်ဖို့ကောင်းတယ်"

အသည်းတယားယားရှိလှတဲ့အခါ ၀မ်ရိပေါ်ကလှမ်းနမ်းရန်ကြံစည်ပါသည်။ခါးကိုညွှတ်ရင်း ရှောင်းကျန့်အနားတိုးတဲ့အခါ အရှောင်ကောင်းတာကြောင့် ရှောင်းကျန့်ပါးလေးချမ်းသာရာရခဲ့ပါသည်။၀မ်ရိပေါ်ဆိုသည်မှာ တစ်ဆိတ်ရှိနမ်းဖို့၊ကိုက်ဖို့လောက်ပဲချောင်းနေသည့် အနမ်းဘီလူး!!

"ဘာလို့ရှောင်တာလဲ..ငါနမ်းမလို့လေ"

ရှေ့ကိုညွှတ်ရင်းနမ်းမဲ့ဟာ ရှောင်းကျန့်ကကိုယ်ကိုရို့ရင်းနောက်ဆုတ်ရှောင်တော့ ၀မ်ရိပေါ်ဟန်ချက်ပျက်ပြီး အရှေ့ကိုလဲကျသည်။ကံကောင်းထောက်မစွာ သူ့ချစ်သူငယ်ဂျင်းလေးရှောင်းကျန့်ကရင်အုပ်ကိုလက်နဲ့ထောက်ပြီး၀မ်ရိပေါ်မှောက်ရက်မလဲအောင်ထိန်းလိုက်နိုင်တယ်။

My Youth Is YoursWhere stories live. Discover now