Ch-12

4.8K 670 46
                                    

{ Unicode }

ကျောင်းပိတ်ရက်ရှည်တွေမှာ သူများသူငယ်ချင်းတွေက တစ်ယောက်နဲ့တစ်ယောက်လွမ်းဆွတ်ကြပေမဲ့ ရှောင်းကျန့်နဲ့၀မ်ရိပေါ်တို့သူငယ်ဂျင်းအတွဲကတော့ မမြင်ချင်မှအဆုံးဘဲ။

ရှောင်းကျန့်အိမ်မှာအထုတ်ဆွဲပြီးလာနေတဲ့၀မ်ရိပေါ်တော်တော်ဖြစ်ကို ၀မ်ပါးပါးရော၀မ်မားမားရောမနိုင်ပါ။ပြောလိုက်ပြန်ရင်လည်း "သားကသားသူငယ်ဂျင်းကိုချစ်လို့ပါ"ကလာသေး။။

ကျောင်းမပိတ်ခင်နှစ်လအလို......

"၀မ်ရိပေါ်...နေ့လည်ကျရင် နို့အေးမသောက်ရဘဲနေဦးမယ်...ကြို၀ယ်ထားလေကွာ"

"၀ယ်မယ်..ခနလေးနေပါဦး"

"မရဘူး...ခုသွား၀ယ်"

"ရှောင်းကျန့်....ငါစကားပြောနေတယ်လေ"

၀မ်ရိပေါ်ကနည်းနည်းဟောက်လိုက်တော့ ရုပ်ကြီးဆူပုပ်ပြီးငြိမ်ကျသွားတယ်။
၀မ်ရိပေါ်ရဲ့ဘေးမှာရှောင်းကျန့်မဟုတ်တဲ့လူတစ်ယောက်ရောက်နေတယ်။တိတိကျကျပြောရရင် ကျောင်းသူလှလှလေးတစ်ယောက်။မိတ်လာဖွဲ့တာပါတဲ့...အတန်းခေါင်းဆောင်နှစ်ယောက်ရှိတဲ့အထဲကမှ ၀မ်ရိပေါ်တစ်ယောက်တည်းကိုကွက်ပြီး။။
ယုန်သွားကိုခေါပြီးထိုကောင်မလေးအား မျက်စောင်းကြီးနဲ့ကြည့်နေတဲ့ရှောင်းကျန့်ကို၀မ်ရိပေါ်မမြင်ဘူးထင်နေပါသလား။မြင်ပါတယ်...တမင်စချင်လို့ ရှေ့ကကောင်မလေးကိုအရေးတယူလုပ်နေတာ။

"မင်းစကားပြောလို့ပြီးဦးမှာလား"

"ရှောင်းကျန့်..နင်ကလည်း..ဒီမှာပြောနေတုန်းကို"

"နင့်ကိုငါမေးလား???"

ကြားထဲက၀င်ပြောတဲ့ကောင်မလေးအား ရှောင်းကျန့်ပြောချလိုက်တော့ ၀မ်ရိပေါ်မျက်နှာကြီး မှိုရသလိုဖြစ်သွားသည်။ပွင့်ချင်နေတဲ့ပန်းကို အတင်းငုံခိုင်းထားသလို ရယ်ချင်တာကိုငုံစိစိလုပ်ရင်း ကျေနပ်အားရနေတာကိုဖုံးထားရတယ်။

"မမေးရင်မဖြေနဲ့..၀မ်ရိပေါ်မင်းပြီးဦးမှာလား"

ထိုကောင်မလေးအား ခပ်မာမာပြောပြီး ၀မ်ရိပေါ်ဘက်လှည့်ကာထပ်မေးပြန်တယ်။

My Youth Is YoursWhere stories live. Discover now