Ch-15

4.5K 635 43
                                    

{ Unicode }

လွမ်းတယ်။

ပျင်းတယ်။

ခြောက်ကပ်ကပ်ကြီး။

ဘာလုပ်နေရမလဲ????

ဘာလုပ်နေလောက်လဲ။

ဖုန်းလည်းမဆက်သေးဘူး။

ငါ့ကိုမေ့သွားပြီလား???

ငါ့ကိုသတိမရတော့ဘူးထင်တယ်။

ငါမပါဘဲပျော်နေပြီထင်ပါရဲ့။

ငါမရှိလည်းနေတတ်နေပြီပေါ့။

ငါ့ကိုမေ့ရက်တယ် မင်းမို့.......

ငါထင်တဲ့အတိုင်းပဲ။ငါ့ကိုမေ့သွားတာသေချာတယ်။အဲ့လိုမှန်းသိမင်းကိုမသွားအောင်အတင်းဆွဲထားရမှာ။

"ဒေါင်!!"

"ဒင်!!"

"တွမ်!!'

"တွီ!!"

ကုတင်ပေါ်မှာပက်လက်လှဲ၊ရုပ်သေကြီးနဲ့မျက်နှာကျက်ကိုစိုက်ကြည့်၊ဂစ်တာကြီးပိုက်ပြီးကြိုးမညှိဘဲ တစ်ချက်ချင်းတဒေါင်ဒေါင်တီးနေလေသည်။

"ဘာလုပ်နေလောက်လဲ......."

"ဒေါင်!!"

"ငါ့ကိုမေ့နိုင်သွားပြီပေါ့လေ....."

"ဒွမ်!!"

စကားတစ်ခွန်းကိုရေရွတ်ပြီးတိုင်း အသံဆိုးတွေထုတ်လွှတ်တဲ့ဂစ်တာကြီးကိုတစ်ချက်တီးပါသည်။

"အဲ့တာဘာဖြစ်နေတာလဲကိုယ်တော်"

အခန်း၀မှာခါးထောက်မတ်တပ်ရပ်ရင်း ကုတင်ပေါ်က၀မ်ရိပေါ်ကိုလှမ်းမေးတဲ့မားမားကိုလည်းပြန်မဖြေနိုင်တော့ပါပေ။သူငယ်ဂျင်းလေးကိုလွမ်းလို့ လွမ်းဖျားလွမ်းနာကျနေသည်။

"ဒီဘက်လှည့်စမ်း ၀မ်ရိပေါ်..နေမကောင်းဘူးလား"

၀မ်မားမားကိုကျောပေးပြီးကွေးကွေးလေးအိပ်ဖို့ကြံတော့ မားမားကအတင်းဆွဲလှည့်ပြီးနဖူးတွေလည်ပင်းတွေကိုလာစမ်းတယ်။

"ကိုယ်လည်းမပူပါဘူး..ဘာဖြစ်နေတာလဲ..လင်ပူမိနေတဲ့ရုပ်နဲ့"

"ဘာမှမဖြစ်ဘူး...အိပ်ချင်လို့ မားမားထွက်သွားပါလား"

"မထွက်သွားဘူးဆိုရင်ရောနင်ကငါ့ကိုဘာလုပ်မှာမို့လို့လဲ"

My Youth Is YoursWhere stories live. Discover now