Ch-30

4.9K 635 38
                                    

{ Unicode }

အ ထ က် တ န်း..........

အချစ်ဆိုတာ ဆန်းကြယ်
ဝမ်ရိပေါ် ဖင်ခေါင်းသိပ်ကျယ်....!

အထက်တန်းကိုကူးပြောင်းလာတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ အသွင်ပြင်ကအရင်လို ကလေးရုပ်တွေမဟုတ်တော့ဘူး ။ လူပျိုပေါက်အရွယ်လုံးလုံးလျားလျားဝင်လာပြီ ။ အဖြူရောင်သန့်တဲ့ ခံစားချက်တွေအရောင်ဆိုးဖို့ အကောင်းဆုံးအချိန်ပေါ့ ။ ရှောင်းကျန့်အတွက်ပြောပါတယ် ။ ဝမ်ရိပေါ့်စိတ်တွေက ‌သက်တန့်ရောင်တွေပြောင်းနေတာ ကြာလှပေါ့ ။  မနက်ခင်းကျောင်းသွားချိန်တိုင်း ရှောင်းကျန့်ကိုစောင့်ရပေမဲ့ ဝမ်ရိပေါ်မငြီးငွေ့ ။ ပျော်သည်....ရှောင်းကျန့်ကိုစောင့်ရခြင်းဖြစ်သည်မို့ ပိုပျော်သည် ။ ရှောင်းကျန့်သူ့ကိုလိုအပ်သလား မသိပေမဲ့ သူကတော့ရှောင်းကျန့်ကိုလိုအပ်တယ် ။ မနက်ခင်းတိုင်း အဓိပ္ပာယ်ရှိဖို့ ရှောင်းကျန့်ကိုလိုအပ်တယ် ။ အစောကြီးထရတာ အဓိပ္ပာယ်ရှိစေဖို့ ရှောင်းကျန့်ရဲ့နှိုးစက်လေးဖြစ်ပေးတယ် ။ ကျောင်းမသွားခင် အဓိပ္ပာယ်ရှိစေဖို့ မနက်စာကို ရှောင်းမားမားအစား ပြင်ပေးတယ် ။ စက်ဘီးခုံနောက်ကို နင့်ခနဲတက်လာတဲ့အခါ ခါးတစ်လျှောက်လာဖက်တဲ့ လက်ချောင်းလေးတွေကလည်း ဝမ်ရိပေါ့်တစ်‌နေ့တာကိုအဓိပ္ပာယ်ရှိစေတယ် ။ တကယ်ကို ဝမ်ရိပေါ်က ရှောင်းကျန့်ဆိုသူဆီမှာ လုံးလုံးလျားလျားနစ်ဝင်နေပြီ ။ ရုန်းမရလို့ကူထုတ်ပေးမဲ့သူကိုတောင် ဝမ်ရိပေါ်တို့က မျက်စောင်းနဲ့မိတ်ဆတ်ပေးတဲ့အမျိုး ။

"နည်းနည်းနောက်ကျသွားတယ် ဟဲဟဲ"

ပြုံးဖြီးဖြီးနဲ့ ဝမ်ရိပေါ့်စက်ဘီးနောက်ကို ခုန်တက်တဲ့ ရှောင်းကျန့်ကမျက်နှာဖောင်းဖောင်းလေးရယ် ၊ လက်တုတ်တုတ်လေးတွေရယ် ၊ စားချင်တိုင်းစားပြီး ဝက်ပုတ်လေးဖြစ်နေသည် ။ ဝမ်ရိပေါ့်အတွက် အသည်းယားစရာတစ်ခုရသွားတာပေါ့ ။ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်နဲ့မတူ ၊ လေ့ကျင့်ခန်းကူတာကြောင့် ခပ်မိုက်မိုက်ဘော်ဒီကိုရထားသည် ။ ဒီလိုဘော်ဒီရဖို့ကို သူခြောက်လလောက် ပင်ပင်ပန်းပန်း Diet တွေလုပ်ခဲ့ရသည်မဟုတ်ပါလား ။ လုပ်ချင်လွန်းလို့တော့မဟုတ်ဘူး ။ အတူတူရုပ်ရှင်ကြည့်နေရင်း အဆီကွက်အောင် ပီဇာတွေစားနေတဲ့ရှောင်းကျန့်က ရုပ်ရှင်ထဲက ဘော်ဒီအမိုက်စားနဲ့မင်းသားကို တအံ့တဩနဲ့မိုက်တယ်ဆိုပြီးချီးကျူးနေလို့ ။ အဲ့နေ့ကစပြီး ဝမ်ရိပေါ်ဟာ လေ့ကျင့်ခန်းမှန်သမျှအလွတ်မပေး ။ Gymကိုခေါက်တုန့်ခေါက်ပြန် ကူးလူးပြီးမှ ရှောင်းကျန့်သဘောကျတဲ့ ပေါင်မုန့်ခြောက်လုံးကို အရယူနိုင်ခဲ့တာဖြစ်တယ် ။

My Youth Is YoursWhere stories live. Discover now