Ch-27

4.2K 595 32
                                    

{ Unicode }

ရှောင်းကျန့်မရှိတဲ့ဘဝက ဝမ်ရိပေါ်အတွက် အများကြီးခက်ခဲလိမ့်မယ်။‌မေတ္တာအစိုင်အခဲတွေက ဘူဒိုဇာနဲ့ကော်ထုတ်တာတောင် ထွက်မသွားနိုင်လောက်တဲ့အထိ စိုက်ဝင်နေပြီးသားဖြစ်တာမို့ ရှောင်းကျန့်ကလွဲပြီးဘယ်သူ့ကိုမှမမြင်တော့တဲ့အထိပဲ။စိတ်ရောဂါဆရာဝန်တွေသာဆိုရင် ဝမ်ရိပေါ်ကို ထရူမာဖြစ်နေတယ်လို့သတ်မှတ်ကြမှာအမှန်။တကယ်လည်းဝမ်ရိပေါ်ကထရူမာဖြစ်နေတာပဲလေ။ထရူမာအမျိုးအစားနာမည်က ရှောင်းကျန့်တဲ့။ရှောင်းကျန့်ထရူမာဟာ လူသားလေးဝမ်ရိပေါ်ဆီမှာ ကြီးကြီးမားမားကိုဆွဲကပ်နေပါတယ်။ချွတ်မရပြုမရကုမရတဲ့ထရူမာက ဝမ်ရိပေါ်ကိုယ်တိုင်လိုလိုလားလားအစွဲကပ်ခံထားတာ။ရှောင်းကျန့်ကိုစိတ်တွေဆိုးပြီးပြန်လိုက်လာတဲ့ သားလေးဝမ်ရိပေါ်စိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီး ဝမ်ပါးပါးကပြည်ပအလုပ်ခရီးစဉ်မှာတစ်ခါထဲခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်။သွားတုန်းကအကောင်း၊လေယာဉ်ပေါ်ရောက်မှမလိုက်ချင်တော့ဘူးဆိုပြီး အသည်းသန်အိမ်ပြန်ပြေးတယ်။ဝမ်ရိပေါ်ပြန်ပြေးတော့ ဝမ်မားမားလည်းပြန်လိုက်လာရတော့တာပေါ့။

ဝမ်ရိပေါ်တအားမွှေပါသည်။ရှောင်းကျန့်ချုံချင်းကနေပြန်ရောက်နေပြီဆိုတာနဲ့အဝတ်ထုတ်တောင်မဖြည်ဘဲ ဝမ်မားမားကိုနှုတ်ဆက်ပြီး ရှောင်းကျန့်ဆီသွားနေမယ်ဆိုပြီး အထုတ်ဆွဲကာအိမ်ကနေဆင်းတယ်။

ရှောင်းမားမားကတောင်ဝမ်ရိပေါ်ကိုကြည့်ပြီး အံ့ဩလို့။ကိုယ့်အိမ်ကိုယ်မနေဘဲ အထုတ်ပိုက်ပြီးသူ့အိမ်ပေါ်တက်လာသည်လေ။
အဲ့နေ့ညကဝမ်ရိပေါ်အတွက် အမြတ်ကျန်တဲ့ည။တစ်ညလုံးရှောင်းကျန့်ကိုဖက်ပြီး အသားတွေရောအရိုးတွေရော တစ်ကိုယ်လုံးကိုယူနေတာ။

အခုလည်းအသားယူနေတုန်းပါပဲ။နေမကောင်းလို့မှိန်းချင်နေတဲ့ရှောင်းကျန့်ကို ရင်ခွင်ထဲထည့်ဖက်ရင်း ခေါင်းလုံးလုံးလေးကဆံပင်စတွေကိုလက်နဲ့ဖွနေတယ်။ပြီးတော့နှာခေါင်းနှစ်လို့နမ်းရှိုက်တယ်။

"ဟွန့်း...!"

ဝမ်ရိပေါ်မျက်နှာကြီးရော နှာခေါင်းပါရှုံ့သွားတယ်။အောက်သိုးသိုးအနံ့ထွက်နေတဲ့ဆံနွယ်‌
တွေနှာခေါင်းထဲတန်းတန်းမတ်မတ်ပြေးဝင်လာလို့။ရှောင်းကျန့်ခေါင်းမလျှော်ဘူးလား။

My Youth Is YoursWhere stories live. Discover now