Ch-14

4.3K 662 78
                                    

{ Unicode }

"အ၀တ်တွေသေချာထည့်ပြီးပြီလား"

"ဟုတ်မား...ပြီးပြီ"

ရှောင်းမားမားကိုလှမ်းအော်ကာ သပ်သပ်ရပ်ရပ်လေးပြင်ဆင်ထားတဲ့ အ၀တ်သေတ္တာကိုလက်ကဆွဲပြီး အခန်းထဲကထွက်ဖို့ခြေလှမ်းပြင်တဲ့ရှောင်းကျန့်ကို၀မ်ရိပေါ်ကလှမ်းဆွဲတယ်။

"တကယ်သွားတော့မှာလား"

"တကယ်မသွားလို့ နောက်ပြီးသွားရမှာလား"

မသာမယာမျက်နှာပေးနဲ့၀မ်ရိပေါ်ကရှောင်းကျန့်အဖြေကိုသဘောမကျ။

"အေး..ခွဲခါနီးတောင်ဘုကလန့်တွေပြောနေလိုက်"

"အောဟော....ငါဘာပြောနေလို့လဲ ၀မ်ရိပေါ်ရယ်"

ကောက်ချိတ်နေတဲ့ဒီဇိုင်းနဲ့ကုတင်ပေါ်ထိုင်ရင်းမျက်နှာလွှဲထားတဲ့၀မ်ရိပေါ်နားကိုရှောင်းကျန့်ကအ၀တ်သေတ္တာကိုခနချလို့သွားတယ်။

"ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ဘူး...သွားစရာရှိတာသွားနောက်ကျနေမယ်"

၀မ်ရိပေါ်ကမျက်ခုံးကြီးတွန့်လို့ပြောတဲ့အခါရှောင်းကျန့်မနေတတ်ပါ။

"တစ်ယောက်ထဲသွားရမှာလား..မင်းကငါ့ကိုလိုက်တောင်မပို့တော့ဘူးပေါ့"

မျက်ခုံးလေးချီရင်းမေးတဲ့ရှောင်းကျန့်ကို၀မ်ရိပေါ်ကတစ်ချက်တောင်မကြည့်ပါဘဲ ကုတင်ပေါ်ကနေထသွားပြီး အ၀တ်သေတ္တာကြီးကိုကောက်မတယ်။

"အေး..တော်တော်သွားချင်နေတယ်မလား..မင်းဘွားအေအိမ်ထိရောက်အောင်လိုက်ပို့ပေးမယ်"

စိတ်ဆိုးသံကြီးနဲ့ကျောခိုင်းထွက်တဲ့ ၀မ်ရိပေါ်ရှေ့သို့ယိုင်သွားအောင် ရှောင်းကျန့်ကနောက်ကနေကျောပေါ်ကိုခုန်တက်ပါသည်။

"အိုက်ယိုး...၀မ်ရိပေါင်ကြီးကကိုကိုရှောင်းကိုစိတ်ဆိုးနေတာလား"

"....."

"ဟင်..ဒီဘက်လှည့်ပါဦး ၀မ်ကြီးရဲ့"

ကျောပေးထားတဲ့၀မ်ရိပေါ်ကိုအနောက်ကနေအတင်းခွတက်ကာ ဒီဘက်လှည့်ခိုင်းနေတော့ ၀မ်ရိပေါ်ကကျောပေါ်ကသူ့ကိုဘယ်ပစ်ချပြီးလှည့်ရမှာတုန်း။နောက်ပြန်kissတွေပေးထည့်လိုက်ရမှာလား???

My Youth Is YoursWhere stories live. Discover now