Ch-9

5.1K 668 64
                                    

{ Unicode }

"ဟိုဘက်နည်းနည်းတိုးဦး"

"ဒီနေရာလား"

"မဟုတ်ဘူးလေ..ဘယ်ဘက်ကိုတိုးခိုင်းတာ"

"ရလား"

"အင်း..အဲ့နေရာ..အဲ့နေရာ..ငြိမ်ငြိမ်လေးထား"

ကျောင်းကောင်စီရုံးခန်းသန့်ရှင်းရေးကိုအားကြိုးမာန်တက်မလုပ်ဘဲ တံမြက်စည်းတစ်ချောင်းကိုင်ပြီး နံရံပေါ်ကဓာတ်ပုံတွေနေရာချနေတဲ့ ၀မ်ရိပေါ်ကို ဆရာကြီးသွားလုပ်နေတာရှောင်းကျန့်ရယ်ပါ။

"အဲ့တာကြီးကစောင်းနေတယ်မဟုတ်ဘူးလား..ခုနကအတိုင်းကပိုအဆင်ပြေတာကို"

ခုံပေါ်တက်ပြီး ရှောင်းကျန့်ပြောတဲ့အတိုင်း နေရာချနေတဲ့ ၀မ်ရိပေါ်က ပြတင်းပေါက်ဘောင်မှာကပ်နေတဲ့ ခိုချေးတွေကို ကော်လေးနဲ့ခြစ်ချနေတဲ့ ဟောက်ရွှမ်းကိုခပ်စူးစူးတစ်ချက်လှမ်းကြည့်လိုက်တယ်။

"မစောင်းပါဘူး..ဟုတ်တယ်မလားရိပေါ်"

"အင်း..မစောင်းဘူး"

"..."

နံရံပေါ်ကလက်ပိုက်ရင်းမတ်တပ်အနေအထားရိုက်ထားတဲ့ ကျောင်းအုပ်ကြီးဓာတ်ပုံက လေတစ်ခြမ်းဖြတ်ထားလို့ ရွဲ့စောင်းနေတဲ့ ဒီဇိုင်းနဲ့ပုံကြီးလည်းစောင်းလို့။ဒါကိုဒင်းကရှောင်းကျန့်အလိုကျ မစောင်းဘူးဆိုတော့လည်း.....မင်းတို့ခေတ်ပေါ့ကွာ။လုပ်ကြပေါ့။

"ဒါတွေအကုန်ခြစ်ချပြီးရင် ပြီးပြီမလား....အတန်းချိန်တွေလည်းလွတ်ကုန်ပြီ...ဆရာမကတကယ်အာရုံ"

ခိုချေးခြစ်တဲ့သံကော်လေးကို လက်လွတ်စပယ်ပစ်ချရင်း ဟောက်ရွှမ်း ကပြတင်းပေါက်ဘောင်ကိုမှီလိုက်တယ်။
သူကြည့်နေတာက စောင်းနေတဲ့ပုံကိုမစောင်းဘူး..မင်း​​လမ်းပြပေးမှ ပိုအဆင်ပြေသွားတာဆိုတဲ့ သူငယ်ဂျင်းအစ်အောလဝေးရိုက်စ် ကြီး၀မ်ရိပေါ်နဲ့ ငါဘာလုပ်လုပ် သူအားပေးတယ်ဆိုတဲ့ အဲ့လိုသူငယ်ဂျင်းမျိုးနင့်မှာတောင်ရှိလို့လား ဆိုပြီးဂုဏ်ဆာတတ်တဲ့ရှောင်းကျန့်။Ginger fri တွေကိုကြည့်ပြီးဟောက်ရွှမ်းကခေါင်းတခါခါ။

"ရိပေါ်...စံပြကျောင်းသားဆုကို ဘေးနည်းနည်းတိုးဦး...လူမြင်သာတဲ့နေရာမှာထား"

My Youth Is YoursWhere stories live. Discover now