Part - 11 (U & Z)

7.9K 639 95
                                    

အရေးပိုင်မင်းမစ္စတာဇလျန်ထောင်း ဆိုသည့် ဆိုင်းဘုတ်ကြီးသည် အခန်းဝမှ နံရံပေါ်တွင် ချိတ်ဆွဲထားသည်။ ခပ်အေးအေးသာပြုံးပြီး တွေ့လိုသောလူသားလေးနှင့်တွေ့ရန်ကြိုးပမ်းရပေမည်။

"ဟယ်လို...."

တံခါးခေါက်သံကြားသည်မို့ အခန်းဝကိုကြည့်လိုက်မိရာ နရင်းဖြစ်နေလေသည်။

"Baby......"

"နရင်း....ထိုင်လေ......"

အာကိုထိုင်နေသည့် ဧည့်သည်များထိုင်ရာ ကုလားထိုင်သို့ ညွှန်ပြလိုက်သည်။ သူ၏တပည့် နီးဖ်လည်းပါလာလေသည်။

"ဘယ်အရေးကြောင့် ဗမာပြည်ရောက်နေပါသလဲ နရင်း....."

"Babyကိုသတိရတာလဲပါတယ်...ပြီးတော့ သတင်းတစ်ခုရထားတယ် အိန္ဒိယကဘုရင်ခံချုပ်ဆီက အမိန့်လဲရလာလို့......."

ဘာအရေးကိုမပြောသေးပါပဲ သွယ်ဝိုက်ကွေ့ဝိုက်နေသူအားကြည့်ကာ စိတ်အနည်းငယ်အလိုမကျဖြစ်ရလေပြီ။

"မြို့အုပ်မင်းအချို့ ပုန်ကန်ရေးလုပ်နေတယ်ဆိုတဲ့ သတင်းကို ဘုရင်ခံက အဂ်လန်ကခုံရုံးကိုတင်လိုက်တယ် ဇလျန်........"

"ဘာ....ဘယ်လို......."

စိတ်လှုပ်ရှားသွားပြီး အနူအရာတို့ပျက်ယွင်းနေသည့် ချစ်ရသောဘေဘီလေးကို ရှေ့မှာထားပြီး တစိမ့်စိမ့်ထိုင်ကြည့်နေမိသည်။ ထိန်းကျောင်းပေးရင်း မျက်စိရှေ့တွင်ပဲ အရိပ်တကြည့်ကြည့်ဖြင့် ချစ်ခဲ့ရသည့်ကလေးငယ်။

"ကိုယ့်ဆီပြန်လာပါလား ဘေဘီ....."

"၁၄နှစ်၊ ၁၅နှစ် လေတိုက်ရင်တောင် ရင်ခုန်တတ်တဲ့အရွယ်မို့ စိတ်ယိုင်ခဲ့တာလို့ ခင်ဗျားကို စကားအကုန်
ပြောခဲ့ပြီးပြီ... ကျုပ်တကယ်ချစ်တဲ့သူကို တွေ့ခဲ့ပြီ...
သူ့ကိုပဲ တသက်လုံးချစ်မှာ နောင်ဆယ်ဘဝအထိ သူ့ကိုချစ်မှာ အရေးပိုင်မင်းကဒီအကြောင်းတွေပဲဆက်ပြောနေမယ်ဆိုလျှင် ပြန်ပါတော့......."

"နောင်တမရစေနဲ့နော် ဘေဘီ....
ကိုယ်ကတော့ မင်းကိုအမြဲ Welcome..."

နရင်းထွက်သွားပြီး တနေ့လုံးအလုပ်လုပ်၍မရတော့သည်မို့ အိမ်သို့သာပြန်ခဲ့လိုက်တော့သည်။
ထိုလူနှင့်ချစ်ကြိုက်ဖူးသော်လည်း ငယ်ရွယ်သေးသည့်အရွယ်လေးပေမို့ လက်တည့်စမ်းကာ ချစ်ခဲ့ကြသည်။ သို့သော် ကိုကိုညွန့်နှင့်တွေ့ပြီးနောက် ရင်ခုန်သံကိုနားလည်လာခဲ့သည်။

ရှေးရေစက် (Completed)Where stories live. Discover now