Part - 46 (U&Z)

3.7K 314 14
                                    

သခင့်တွေ့ချိန် ခွေးစုတ်ဖွားလေးတစ်ကောင် ဆင်းပြေးလာသည့်အလား လုံးလုံး လုံးလုံးနှင့် လှေကားပေါ်မှ ပြေးဆင်းနေသည့် စျာန့် အား တအံတသြပင်သူရိန်တစ်ယောက်ကြည့်နေလေသည်။ သီဟအား မုန့်သွားစားမည်ဟု လိမ်ကာ
ခေါ်ခိုင်းလိုက်ခြင်းတွင် တစ်ခုခုမှားနေသည်ဟုထင်လိုက်မိပြိ။

လက်အား အတင်းဆွဲကာ ကားဆီသို့ခေါ်နေသည့် စျာန့်အနောက်သို့ ကောက်ကောက်ပါအောင် သူရိန်ပါသွားလေသည်။ သီဟ သည် ထိုအခြင်းအရာအား လှေကားပေါ်မှကြည့်ကာ အော်ရယ်နေလေသည်။

"ကိုကို....ဘာမှမပြောနဲ့ တာရာ့ဆီသာ မောင်းလိုက်....."

ကားနောက်ခန်းတွင်း ဝင်ထိုင်နေသည့် သီဟ၏ ရယ်သံနှောနေ​သောစကားကြောင့် မှန်ထဲမှတစ်ဆင့် ချစ်ရသူအား လှမ်းကြည့်နေမိသည်။ ရယ်ချင်နေသည့်မျက်နှာအား တော်တော်လေးဟန်ဆောင်ကာ ထိန်းထားရပုံပေါ်နေသည်။

"စျာန့်ကို ဘာပြောလိုက်တာလဲ......"

စိတ်မရှည်သည့် လူပုစိတ်တိုလေးသည် သူရိန့်လက်အား လှုပ်ကိုင်လို့ လက်ငါးချောင်းကို ရှေ့ရှိလေဟာနယ်သို့ တည့်တည့်တိုးပြလေသည်။ ကားမောင်းကာ သွားတော့ဆိုသည့်သဘောကိုဆောင်နေသည်။ မျက်နှာကြီးမှာလည်း ရှုံ့မဲ့လို့ အလိုကျခြင်းတစ်စိုးတစ်စိမျှရှိမနေပေ။ ကားလေးသည်ခြံထဲမှထွက်ခွာခဲ့ရလေပြီ။

ကားပေါ်မှဆင်းလိုက်သည့် သီဟသည် စျာန် ရှိရာဘက်အခြမ်းမှ တံခါးကိုဖွင့်ပြီး လက်ကိုဆွဲကာ တာရာရှိသို့ခေါ်သွားလေသည်။ အူကြောင်ကြောင်လေးဖြင့် စျာန်လည်း တစ်ရွတ်တိုက်မတတ်ပါသွားရသည်။

ဘာတစ်ခုမျှနားမလည်သည့်တိုင် တစ်ခုခုတော့ တွေးကောင်းတွေးနေလိမ့်​မည်။ ကျွန်တော်သူ့အား ဟော်တည်အတွင်းခေါ်လာသည်မို့ပင်။

နေ့လည်၄နာရီတည်းက အော်ဒါမှာခြင်းကြောင့် ရောက်နေသည့် နှင်းဆီများသည် ယခုည၁၂နာရီကျော်မှသာ ပြင်ဆင်ရသည်မို့ နှင်းဆီပန်းများ၏ နောက်ဆုံးအချိန် မနွမ်းရလေအောင်ပြောခြင်းဖြစ်သည်။ စျာန်တစ်ယောက် ဘာတွေးသွားသည်လဲမသိရပေ။

ရှေးရေစက် (Completed)Where stories live. Discover now