Part - 29 (U&Z)

4.3K 460 45
                                    

"ပတ္တမြားကိုအလယ်မှာမြှုပ်ပြီး ရတနာကိုးသွယ်ခြံရံထားတဲ့
ဒီလက်စွပ်လေးဟာ ရာဇဝင်ရှိခဲ့ပါတယ်.....
လွန်ခဲ့တဲ့နှစ်၁၀၀ကျော်က အလွန်ချမ်းသာတဲ့ သူဋ္ဌေးကြီး
ဦးညွန့်လူလူ က သူ့ရဲ့ဇနီးကို မဂ်လာလက်ဆောင်အဖြစ် ကိုယ်တိုင်ပန်းတိမ်ဖိုဝင်ပြီး လုပ်ပေး
ပေးခဲ့တဲ့ လက်စွပ်​လေးပါ...... "

နားထောင်နေသူများသည် ဟောခန်းအတွင်းမှ လေလံပွဲလာ ပရိတ်သတ်များပင်ဖြစ်နေသည်။
ရှင်းပြနေသူသည်က ဂျောနသန် ကိုယ်တိုင်ပင်။
ကိုယ်တိုင်လည်း စိတ်ဝင်စားစွာနားထောင်နေမိ၏။ လက်စွပ်လေးကို မြင်ဖူးနေသလိုပင်။
ထိုလက်စွပ်အား မေမေတို့ဖေဖေတို့ မရ၊ရအောင် ​လေလံစွဲလိုကြ၏။

ယနေ့ပွဲတွင် ထိုလက်စွပ်ကိုရမှဖြစ်မည်ဟုတွေးထားခဲ့ရာ အပုလေးကိုယ်တိုင်လိုချင်နေမှန်းသိရတော့ သူ့အတွက်ဝယ်ပေးလိုက်ပါပြီ။

"အရမ်းချစ်ကြတဲ့သူဋ္ဌေးကြီးတို့လင်မယားမှာ သူဋ္ဌေးမကြီးကနာမကျန်းဖြစ်ခဲ့တယ် နောက်ဆုံးတော့ဆုံးပါးသွားခဲ့ပါတယ်။ သူဋ္ဌေးကြီးကတော့ အဲ့လက်စွပ်လေးကို သူ့ရဲ့မြေးဖြစ်တဲ့ 'ညွန့်ဟန်' ဆိုတဲ့ လူကိုလက်ဆင့်ကမ်းခဲ့တယ်။
မြေးကိုချစ်လွန်းလို့ပေးခဲ့တာပါ..."

ရှေးခေတ်ကလူတွေရဲ့သစ္စာတရားကြီးမားပုံက
တကယ်ကြောက်ဖို့ကောင်းတာပဲဟုတွေးရင်း အသံလာရာသို့နားစင်နေလိုက်သည်။

"ကိုညွန့်ဟန်မိခင်ရဲ့လက်မှာလက်စွပ်လေးက လုံးဝဝတ်လို့မရခဲ့ပါဘူး... လက်ဆယ်ချောင်းမှာ တစ်ချောင်းတစ်လေလေးတောင် စွပ်လို့မရခဲ့တဲ့လက်စွပ်လေးက ဂန္ဘီရဆန်စွာပဲ ကျုံ့သွားလိုက် ကျယ်သွားလိုက်နဲ့မို့ သူဋ္ဌေးကြီးက သူ့ရဲ့သား ပြန်သိမ်းခဲ့တယ်........."

ခန်းမအတွင်းရှိလူအပေါင်းအံ့သြနေကြ၏။
ဘေးမှအပုလေးကတော့ သူ၏ရိုးရာမပျက် စကားပြောနေသူကိုသာဆိုက်ကြည့်နေ၏။

"သူဋ္ဌေးကြီးရဲ့မြေးကိုညွန့်ဟန် ဘိလက်ကပြန်လာတဲ့အချိန်
မြို့အုပ်မင်းဆိုပြီး ရာထူးတစ်ခုနဲ့အတူ လက်ဆက်ခဲ့တယ် ဒါပေမယ့် ထူးဆန်းတာဖြစ်ခဲ့ပါတယ်...
ကိုညွန့်ဟန်က သူ့ရဲ့အမျိုးသားကို ဒီလက်စွပ်လေးပေးခဲ့တာပါ........
တချို့ကပြောကြတာတော့ အမျိုးသားရဲ့လက်ကနေ ချွတ်မရတော့တာလို့လဲသိရပါတယ်.....
တချို့ကပြောကြတယ် ကိုညွန့်ဟန်က အဲ့ဒီအမျိုးသားလေးကိုနိုင်ငံရေးတွေကြောင့် လက်ဆက်ခဲ့ပြီး မချစ်ခဲ့ဘူးတဲ့....."

ရှေးရေစက် (Completed)Donde viven las historias. Descúbrelo ahora