"မေကြီး........"
ကားပေါ်ကဆင်းသည်နှင့်အိမ်ထဲသို့ အမောတကောပြေးဝင်လာ၏ အပေါ်ထပ်အခန်းသို့ လှေကားများကိုကျော်ခွလျက် ပြေးတက်နေသည့် တာရာ၏ နှုတ်ခမ်းပါးများကိုဖြတ်ကျော်လာသည့် လေအချို့မှာ မိခင်နာမည်ကိုသာ ရေရွတ်နေလေသည်။
"မေကြီး......."
အခန်းထဲတွင် ကုတင်ခေါင်းရင်း ဘောင်ကိုမှီပြီး ထိုင်နေသည့် မေကြီး ကိုတွေ့ရလေပြီ။
"ဖြေးဖြေးလာပါ သားငယ်လေးရယ်......"
ထိုင်နေသည့် မေကြီးဘေးသို့အပြေးသွားကာ ဖက်တွယ်လိုက်ပါသည်။ မေကြီး၏ညာဘက်လက်ကလေးတွင် ပတ်တီးဖြူဖြူဖွေးဖွေးလေးက်ို တွေ့ရသည်က ရင်နင့်ဖွယ်ရာပင်။
ဝသာန် ၏ ရိုက်ကူးရေးတွင် ကြော်ငြာရိုက်နေသည်ကိုကြည့်ရင်း ဟိုကောင်လေးက်ိုစောင့်နေစဥ် အကို ကျွန်တော့်အားဖုန်းဆက်လာသည်။ မေကြီး ခြေခေါက်၍ချော်လဲသည်ဟူ၍။
ရင်ထဲပူလောင်မိကာ စိတ်ပူရလေသည်။
အကိုဖြစ်သူကတော့ အိမ်လမ်းထိပ်ရောက်နေလေပြီ အရမ်းစိုးရိမ်မနေပဲ အိမ်သို့ကားဖြေးဖြေးမောင်းကာ ပြန်လာရန် မှာလေသည်မို့ အပြေးပြန်လာဖြစ်သည်။တာရာကမေကြီးကို ဘယ်လောက်ချစ်သလဲဆိုလျှင်
မေကြီးက ခေါင်းခါပြသည်နှင့် ဘာမှမလုပ်တော့သည့် သားလိမ္မာလေးပင်။ ဆယ်တန်းအောင်သည့်အချိန်တွင်
ဆေးကျောင်းတက်ချင်ခဲ့သည်။ သို့သော်ဖေကြီးတို့၏စီးပွားရေးကို ဦးဆောင်စေချင်သည့် မေကြီး၏ဆန္ဒများကို ဖြည့်ဆည်းပေးခဲ့သည်။ဆေးကျောင်းတက်ရင်း ဖေကြီးတို့၊ဖေလေးတို့၏ စီးပွားရေးများကို ကူရုံနှင့် နားလည်ရုံလေ့လာခိုင်းသော်လည်း တာရာ ကတော့ မေမေချစ်သားလေးပင်။
စီးပွားရေးကိုသာရွေးချယ်ပြီး အမေရိကားတွင်တက္ကသိုလ်တက်သည်။ သူရိန်လည်းဆေးကျောင်းကို သူ့နောက်လိုက်ကာတက်ရ၏။အိမ်တွင် တာရာက ခေါင်းဆောင်ပင်။ သူရိန်ကတော့ ညီလေးကိုချစ်သည့်အကိုကြီးသက်သက်သာ။ သူရိန်သည် တာရာ့လောက်မတော်၊ ထက်မြတ်မှုမရှိပါ။ သို့ပါသောကြောင့် စီးပွားရေးက်ို တာရာသာ ဦးဆောင်သည်။
YOU ARE READING
ရှေးရေစက် (Completed)